တန္ဖိုးရွိလွ လူငယ္ဘ၀

ချစ်နိုင်(စိတ်ပညာ)

800 Kyats ကျပ်
ဒီစာအုပ်ကတော့ ဆရာ့ရဲ့လူငယ်ကျောင်းသားအရွယ်၊ ထိုမှ တပ်မတော်အရာရှိအဖြစ်၊ ထိုမှတဆင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် နိုင်ငံတော်က ပေးအပ်တဲ့ စီမံထူးချွန်တံဆိပ်(ပထမ) ရရှိတဲ့ အထိ စတဲ့ ဘ၀ဖြတ်သန်းမှုတွေကနေ သိမြင်ယုံကြည်မှု ရရှိတာတွေကို အရင်းတည်ပြီး လူငယ်တွေအတွက် တန်ဖိုးရှိဘဝ အခြေအနေရရှိရေး မြှင့်တင်မှုစာစုတွေပဲ ဖြစ်ပါတယ်။ ဘဝအနာဂတ်ကို ကိုယ်တိုင်ဖန်တီးကြရမယ့် လူငယ်တွေအတွက် သမီးဖြစ်သူကို လောကဗဟုသုတ၊ စိတ်နေစိတ်ထား၊ အတွေ့အကြုံစတာတွေကို ပြန်ပြောင်းရေးပြတဲ့ ပုံသဏ္ဌာန် ရေးသား ထားတဲ့ စာစုတွေမို့ ဒီစာအုပ်ကို ဖတ်တဲ့အခါပဲဖြစ်ဖြစ်၊ စာအုပ်ပါအကြောင်းအရာတွေကို လိုအပ်လို့ ပြန်တွေးဆင်ခြင်တဲ့အခါ ပဲဖြစ်ဖြစ် မိဘဆရာသမားတစ်ဦးက ဘေးနားက ဆုံးမလမ်းညွှန်ပေးနေသလို ခွန်အားနဲ့ သွန်သင်လမ်းပြမှုကို ရရှိမဲ့စာအုပ်ပါ။