လူရွှင်တော်နိဒါန်း

ချစ်ချော

700 Kyats ကျပ်
ဒါရိုက်တာမောင်သီ၏ အမှာစာ ကောက်နုတ်ချက် ။ ။ လူရွှင်တော်တိုင်းတွင် အားနည်းချက်၊ အားသာချက်များ ရှိကြသည်။ အချို့က လေကောင်းပြီး မျက်နှာမမှန်။ တချို့က မျက်နှာခံကောင်းပြီး သန္ဓေမမှန်။ တချို့က မှတ်ဉာဏ် အားနည်းပြီး တိုက်ထား သမျှ တလွဲတွေချည်းပြော၊ သူ့ဘာသာ ဘောက်ပြောတော့ အဆင်ပြေ စသဖြင့် အမျိုးမျိုး ရှိသည်။ ချစ်ချော အားနည်းချက်မှာ မျက်နှာနဲ့လေဖြစ်ပြီး အားသာချက်မှာ ပြက်လုံး အသစ်အဆန်းများ ဖန်တီးမှု၌ သူမတူခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း စာအုပ်ရေးရန် ကျွန်တော် တိုက်တွန်းရခြင်း ဖြစ်သည်။ ယခု ချစ်ချော၏ ‘လူရွှင်တော်နိဒါန်း’စာအုပ် ပရိသတ်လက်သို့ ရောက်ရှိလာချေပြီ။ သူကြိုဝန်ခံ ခဲ့သလို ပြီးပြည့်စုံသော ကျမ်းစာအုပ် တစ်အုပ် မဟုတ်လင့်ကစား လူရွှင်တော် ဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုမည်ဟုကား ကျွန်တော် မျှော်လင့်ပါသည်။