နှင်းကေသရာချစ်တဲ့ သူရဲကောင်း

ခဈြဦးညို

1000 Kyats ကျပ်
အထက်တန်းမြန်မာစာမှာပါတဲ့ ‘စီးချင်းတိုက်ပွဲ’ ထဲက သုရှင်ရာဇာဓိရာဇ် (ဗညားနွဲ့) ရဲ့ သူရဲကောင်းတို့အပေါ် တန်ဖိုးထားတတ်မှုကို အမှတ်ရကြမှာပါ။ ဒါဟာ ဒေါက်တာနိုင်ပန်းလှရဲ့ ရာဇဓိရာဇ်အရေးတော်ပုံကျမ်းထဲက ကောက်နှုတ်ချက် ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကျမ်းဟာ စံတင်လောက်တဲ့ မွန်သူရဲကောင်းတွေ၊ အဝသူရဲကောင်းတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ အထင်ကရ သမိုင်းကျမ်းပါ။ ဒီလိုသူရဲကောင်းတွေထဲ သူရဲကောင်းပီပီ စွန့်စားဝံ့တဲ့၊ စွန့်လွှတ်ဝံ့တဲ့၊ ရဲစွမ်းသတ္တိ လက်ရုံးရည်တို့နဲ့ ပြည့်စုံတဲ့ သူရဲကောင်းတစ်ယောက်လည်း ပါဝင်ပါတယ်။ သူကတော့ ‘မတ်သံလုံ’ ပါ။ ရာဇဝင်ကျမ်းအလာ ထင်ရှားတဲ့ မင်းပေးဘွဲ့ကတော့ ‘လဂွန်းအိမ်’ ပါပဲ။ သူ့မှာ အရှင်သခင်အတွက် ဦးလည်မသုန်စိတ်ထားနဲ့ အမှုတော်ထမ်းပေမယ့် အချည်းနှီးမျက်စိစုံမှိတ် ပြောသမျှခေါင်းညိတ်တဲ့ မင်းမှုထမ်းမဟုတ်တာ။ စစ်တို့ရဲ့သဘောမှာ နိုင်လျှင်ပြီးရော ဆိုပေမယ့်လည်း ဖြောင့်မတ်တဲ့စိတ်ရှိတာ။ အရှင်တစ်ပါးရဲ့ ကျေးဇူးသစ္စာကိုသာ ခံယူတာ စတဲ့ နှလုံးရည်ကောင်း တွေလည်းရှိပါတယ်။ ဒီလို သူရဲကောင်းလဂွန်းအိမ်ကို ရာဇဝင်ကျမ်းပါ အမတ်စစ်သူကြီး တစ်ဦးအသွင်သာမက မတ်သံလုံဆိုတဲ့ လူတစ်ဦးအသွင်နဲ့ပါ ဆရာချစ်ဦးညိုက “နှင်းကေသရာချစ်တဲ့ သူရဲကောင်း”ကို ဖော်ကျူးထားပါတယ်။ ဒီသမိုင်းဝတ္ထုကြီးဟာ ရသနဲ့ သမိုင်းသုတကို ပေးစွမ်းရုံမက မင်းတို့ကျင့်ရမယ့် ရာဇဓမ္မ၊ မင်းမှုထမ်းတို့ ကျင့်ကြံရမယ့် အကျင့်တရားတို့ကိုပါ နမူနာပေးထားတဲ့ ဂန္တဝင်မြောက် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။