ရွှေတိုက်စိုး

ခဈြဦးညို

800 Kyats ကျပ်
"ကိုယ်ပျောက်တယ်။ ငှက်ပျောဖတ်ပေါ် တက်အိပ်နိုင်တယ်။ အမြင့်ကြီးကို ခုန်နိုင်တဲ့ ကြောင်နက်ဆေးလဲ ထိုးထားတယ်။ ငှက်အမြုတေလဲ စားထားတယ်" ဒီစာသားတွေ ဖတ်ပြီးကတည်းက အားလုံးနီးပါးသိပြီး ဖြစ်မှာပါ။ ဟုတ်ပါတယ်။ သူခိုးကြီး "ငတက်ပြား" ဇာတ်လမ်းပါပဲ။ ဆရာချစ်ဦးညိုရေးတဲ့ သမိုင်းနောက်ခံဝတ္ထုရဲ့ အဓိက ဇာတ်ကောင်က ရွှေတိုက်စိုး ဖြစ်သွားတဲ့ ငတက်ပြား။ ငတက်ပြားဟာ ဘုရင့်တပ်တော်များ အတွင်းကိုပဲ ဝင်ခိုးတယ်။ ခိုးပြီးတိုင်းလည်း အမှတ်အသားတစ်ခုခု ချန်ထားခဲ့တယ်။ အဲဒါကတော့ ဘုဇပတ်သစ်ရွက်ပေါ်မှာ သူ့နာမည်ကို ရေးထိုးထားခဲ့ခြင်းပဲ။ နောက်ဆုံး သတိုးမင်းဖျားက ပရိယာယ်သုံးကာ ဖမ်းဆီးပြီး "ရွှေတိုက်စိုး" ခန့်အပ်ထားတယ်။ သူခိုးဘဏ္ဏာစိုးခန့် ဆိုတာပေါ့ဗျာ။ ဒါပေမဲ့ ငတက်ပြားဟာ ရွှေတိုက်စိုးဖြစ်ကတည်းက ဘဏ္ဏာတွေကို မျက်စောင်းနဲ့ တောင်မထိုးခဲ့။ တစ်နေ့ သတိုးမင်းဖျားတို့ တောင်တွင်းတိုက်ပွဲမှာ အထိနာနေကြတယ်။ တောင်တွင်းမြို့ရိုးပေါ်က အဆိပ်လူးမြားနဲ့ ပစ်လို့ သူတို့ရဲမက်တွေ အလဲလဲ အကွဲကွဲ။ ဒါနဲ့ ရန်သူ့မြို့ရိုးထဲကို တိတ်တဆိတ်ဝင်ပြီး အဆိပ်အိုးကို ဖျက်ဆီးဖို့ ငတက်ပြားတစ်ဖြစ်လဲ ရွှေတိုက်စိုးကို တာဝန်ပေးလာတဲ့အခါမှာတော့။ သူအောင်မြင်မှာလား ဘာတွေဆက်ဖြစ်မှာလဲ၊ ဆရာချစ်ဦးညိုရဲ့ ကောင်းမွန်လှတဲ့ သမိုင်းနောက်ခံဝတ္ထုလေးကို ဝန်ဇင်းမှာ ဖတ်ရှုကြပါဦးလို့။