သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားများ

ခဈြဦးညို

800 Kyats ကျပ်
မင်းစောလူးရဲ့ “ကျန်စစ်သား ငါ့ကိုခိုးပြီ” ၊ အလောင်းစည်သူရဲ့ “ငါမအိုသေး” ၊ မင်းယဉ်နရသိင်္ခရဲ့ “နားကျယ်နှင့် ဝမ်းပျက်လိလိ” ၊ မင်းခွေးချေးရဲ့ “အဘိုး … ကျွန်ုပ်ကိုမပါ” ၊ ရာဇသင်္ကြန်ရဲ့ “အရှင့်သားဖို့သာ” စတဲ့ .. စတဲ့စကား။ စောဥမ္မာရဲ့ “ငနု … နင် ယောက်ျားမဟုတ်သလော” ဆိုတဲ့ ခနဲ့ပြော။ “အောင်မြင်လျှင် အနှစ်ကို ယူတော်မူ၊ အကာမျှသာ ပေးတော်မူပါ” ဆိုတဲ့ သမိန်လောက်ဖြားရဲ့ အပေးအယူ၊ “ငါသော်ကား မပေး၊ အဘိုးရာဇာပေးကောင်း၏ဟူက ယူစေ” ဆိုတဲ့ ဘုရင်မင်းခေါင်ရဲ့စကား။ ဒါတွေဟာ ‘သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားများ’ ဖြစ်သလို ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ မအ,အောင် သမိုင်းသင်တာဆိုတဲ့ အဆိုအမိန့်ကိုလည်း ညီစေတဲ့ နမူနာပြုစရာ သင်ခန်းစာတွေ၊ အတွေးအမြင်တွေ ကို ပုံဖော်ပေးနေပါတယ်။ ဒီလို အတွေးပွားစရာ သမိုင်းစကားတွေကို ဆရာချစ်ဦးညိုရဲ့ ညက်တဲ့၊ ဝေတဲ့၊ ရွှန်းတဲ့၊ ထင်တဲ့၊ ပွင့်တဲ့ ရသအဖွဲ့ တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရသအတွေးအမြင် စာစုဆိုတာ ဒါမျိုးပါလားလို့ စာဖတ်သူတို့ သိရှိနိုင်ကြပါလိမ့်မယ်။