မဏိစန္ဒာဥဒါန်း

ခဈြဦးညို

800 Kyats ကျပ်
“သူရဲကောင်း တပ်မင်းကြီးတွေရဲ့ အာဇာနည်ယောက်ျားကောင်းတို့ ပြုအပ်တဲ့ တာဝန်တွေထဲမှာ ကိုယ့်ချစ်သူကို ကိုယ့်သခင်ဆီ ပဏ္ဏာဆက်ဖို့ တာဝန်ရော ပါဝင်သတဲ့လား” ခင်ဦး ( မဏိစန္ဒာ ) ကျန်စစ်သားနဲ့ မဏိစန္ဒာ ဇာတ်လမ်းကို လူတိုင်းသိကြပါတယ်။ လူတိုင်းမသိနိုင်တာက သူတို့ရဲ့ စိတ်ထဲဘာတွေ တွေးနေမလဲ။ ရင်ထဲ ဘာတွေခံစားနေရသလဲ ဆိုတာပါပဲ။ ဒါကို ဆရာချစ်ဦးညိုက မဏိစန္ဒာနေရာကနေ ဝင်ရောက်ခံစားကာ စာဖတ်သူကို ပြောပြခဲ့တဲ့စာအုပ်လေး နာမည်ကတော့ မဏိစန္ဒာဥဒါန်းပါတဲ့ ခင်ဗျာ။ ခင်ဦး တစ်ဖြစ်လဲ မဏိစန္ဒာတို့ရဲ့ ဥဿပြည်ကြီးကို ဂျွမ်းစစ်သည်တွေ လာရောက်တိုက်ခိုက်တော့ အနော်ရထာဘုရင်က ပုဂံပြည်မှ စစ်ကူလေးသိန်းစေလွှတ်ပေးတယ်။ သူတို့ကတော့ ကျန်စစ်သားတို့ သူရဲကောင်းလေးယောက်ပါပဲ။ ကျန်စစ်သားတို့က ဂျွမ်းစစ်သည်တွေကို ရွပ်ရွပ်ချွံချွံ တိုက်နေရင်းမှာပဲ တစ်ဖက်မှာ မဏိစန္ဒာနဲ့ ကျန်စစ်သားတို့ ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ အချစ်ရေးဟာ မဖြောင့်ဖြူးခဲ့ပါဘူး။ နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းခင်းဖို့ မဏိစန္ဒာကို အနော်ရထာဘုရင်ထံ ဆက်သဖို့ဆိုတာ နှစ်ယောက်စလုံးမှ ကြိုမသိခဲ့ကြဘဲ။ သူတို့ရင်ထဲ ဘယ်လိုခံစားကြရမလဲ။ ကျန်စစ်သားကို အထင်လွဲခဲ့တဲ့ မဏိစန္ဒာကရော ကျန်စစ်သားကို ခွင့်လွှတ်ပါ့မလား။ မဏိစန္ဒာကို အနော်ရထာထံဆက်သဖို့ ကျန်စစ်သားကဦးစီးပြီး ခေါ်ဆောင်လာတဲ့ ပုဂံပြည်ပြန်လမ်းမှာရော ဘာတွေ ဆက်ဖြစ်မှာလဲ။ ပုဂံပြည်ရောက်တော့ရော အနော်ရထာဘုရင်က ကျန်စစ်သားကို ဘာကြောင့် အရိဒမ္မာလှံတံနဲ့ ပစ်ရတာလဲ။ ဒါတွေ အားလုံးကို ဆရာ ချစ်ဦးညိုရဲ့ မဏိစန္ဒာဥဒါန်းမှာ အချစ်အလွမ်း စွန့်စားခန်းတွေ အစုံအလင်နဲ့ ပြည့်ပြည့်စုံစုံဖတ်ရှုရမှာဖြစ်ပါတယ်။