စာမရီသို့ ထူးထူးခြားခြား

ခဈြဦးညို

800 Kyats ကျပ်
မြန်မာ့ဆိုရိုးစကားတစ်ခုမှာ “စူဠလိပ် ရေထဲလွှတ်လိုက်သလို” ဆိုတဲ့ စကားကို လူကြီးသူမများ ပြောတာ ကြားဖူးပါတယ်။ ဆရာချစ်ဦးညိုရဲ့ ဒီ “စာမရီသို့ ထူးထူးခြားခြား” ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ကြည့်ရင် အဲဒီဆိုရိုးစကား ပေါ်ပေါက်လာရတဲ့ ဇာတ်လမ်းကို စာဖတ်သူများ သိကြရမှာပဲ ဖြစ်ပါတယ်။ ရာဇဝင်သမိုင်းနောက်ခံနဲ့ ဗုဒ္ဓစာပေလာ ဇာတ်တော်တွေကို နောက်ခံရေးဖွဲ့တဲ့နေရာမှာ ဆရာချစ်ဦးညိုရဲ့ လက်ရာကို စာဖတ်သူများ သိကြပြီးမို့ အထူးညွှန်းစရာတော့ လိုမယ်မထင်ပါဘူး။ စာမရီသို့ ထူးထူးခြားခြား စာအုပ်ပါ ဆရာချစ်ဦးညိုရဲ့ ရသပေးစွမ်းမှုနဲ့ စာဖတ်သူတို့ကို ပေးချင်တဲ့ သုတစေတနာတို့ကို စာဖတ်သူတို့ ဖတ်ရှုကြည့်တဲ့အခါ တကူးတက တွေးနေစရာမလိုဘဲ ရရှိကြမှာကတော့ သေချာပါတယ်။