လူတွေလမ်းတွေ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ

ချစ်မင်းဝေ

800 Kyats ကျပ်
လူတစ်ယောက် အထီးကျန်နေခဲ့တဲ့ အချိန်တွေ၊ တစ်ယောက်ယောက်ကို မျှော်လင့်နေမိခဲ့တဲ့ အချိန်တွေနဲ့ မဆုံးနိုင်တဲ့ စိတ်ကူးတွေကို ဦးနှောက်တစ်ခုလုံး ကျပ်သိပ်ပြည့်ကားနေအောင် ထိုးထည့်ပြီး ရူးမိုက်နေခဲ့မိတဲ့ အချိန်တွေရဲ့အကြောင်း၊ မူးယစ်ဆေးတွေ၊ ပြီးတော့ လူတွေ၊ လမ်းမတွေ၊ ပတ်ဝန်းကျင်တွေ၊ အလုပ်အကိုင်တွေ၊ မိသားစု ဆိုတာတွေနဲ့ သူ နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေ။ အတောမသတ်နိုင်တဲ့ စိတ်ကူးတွေကို ဖောင်းပွပျို့တက်လာခဲ့တဲ့ အထိယဉ်ပြီး ရွတ်ဆုတ်ပြက္ခဒိန်တွေအပေါ် အကြိမ်ပေါင်းများစွာ အန်ချနေခဲ့မိတဲ့ အကြောင်း၊ ကိုယ့်အပေါ်ကို အတိုင်းအဆမရှိ ပြိုဆင်းလာနေခဲ့တဲ့ ခေတ်တစ်ခေတ်လုံးစာရဲ့ ရှုံးနိမ့်မှုတွေကို အမှားတွေကြားမှာ ကယောင်ကတမ်း ဖြတ်ကျော်နေခဲ့မိတဲ့ အကြောင်း၊ ကိုယ်ထင်ထားတဲ့ အရာတချို့ကို ဆုပ်ကိုင်ပြီး ပတ်ဝန်းကျင်ကို ခေါင်းမာမာနဲ့ ရိုက်ခွဲနေခဲ့မိတဲ့ အကြောင်း၊ ကိုယ့်တစ်ကိုယ်စာ အသံမထွက်ဘဲ အော်ဟစ်နေခဲ့မိတဲ့ အတွေးတွေရဲ့ အကြောင်းနဲ့ အနားကနေ ဝေဝါးပျောက်ကွယ်သွားတဲ့ လူတွေရဲ့ အကြောင်းကို - ချစ်မင်းဝေ က သူ့ စာအုပ်ထဲမှာ စကားလုံးတွေအဖြစ် သွန်ချ ပြောပြထားတယ်။ လူငယ်တယောက်အနေနဲ့ ဘဝတခုလုံးစာ နာကျင် ငြီးငွေ့ စိတ်ပျက်ခြင်းတွေ ကြားထဲမှာ၊ နောက်ဆုံးတော့ သူ ပြောသလိုပဲ “ရှင်သန်နေရတဲ့ ဘဝမှာက ကိုယ့်အဓိပ္ပာယ်တွေနဲ့ ကိုယ် နေသားတကျ နေထိုင်နိုင်ဖို့ပဲ အရေးကြီးတာ မဟုတ်လား”