စိတ်စည်းကမ်း

ချစ်စံဝင်း

600 Kyats ကျပ်
လူတွေက မိမိတို့ရဲ့ ဘဝအတွေ့အကြုံအရ လူအချင်းချင်း၊ လူ့အဖွဲ့အစည်းအတွင်း၊ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ ပေါင်းသင်းနေထိုင်လို့ရအောင် စည်းကမ်းတွေ သတ်မှတ်ထားကြတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်း၊ စည်းမျဉ်း၊ ဥပဒေတို့ကို လိုက်နာကြပါတယ်။ ဒီလိုပဲ စိတ်ကိုလည်း စည်းကမ်းသတ်မှတ်ထားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေလုပ်သမျှအရာရာက စိတ်ကိုအခြေတည်နေတာဖြစ်လို့ပါပဲ။ ဒီစာအုပ်ထဲမှာ ယောက်ယက်ခတ်တတ်တဲ့စိတ်ကို စည်းကမ်းတကျရှိစေဖို့ နည်းလမ်းတွေပါပါတယ်။ ပြီးတော့ စိတ်ကိုပြုပြင်ပုံတွေ၊ အားကောင်းအောင် ပြုလုပ်ပုံတွေနဲ့ စိတ်ရဲ့အကြောင်းတွေကိုလည်း အသေးစိတ်ရှင်းပြထားတာဖြစ်လို့ တကယ်ကို အကျိုးများတဲ့စာအုပ်ပါပဲ။