မေ့, မရသော

ခူးခူး

800 Kyats ကျပ်
'နောင်တတွေကသာ အက်ဆစ် ဖြစ်ခဲ့ရင်၊ ငါ ဆိုတာ အစအနတောင် ရှိတော့မှာ မဟုတ်ဘူး' တဲ့။ ဆရာမ ခူးခူးရဲ့ နာမည်ကျော် လက်ရာကောင်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဆိုတော့ စာချစ်သူတို့ အကြိုက်ပေါ့နော်။ မေ့ မရသော ... ဆိုတဲ့ ခေါင်းစဉ်လေးကို ဖတ်လိုက်ရုံနဲ့ လွမ်းမောစရာတွေတော့ ပါနိုင်မယ်မှန်း ရိပ်မိမယ် ထင်ပါတယ်။ တစ်ခါတလေတော့ အသေးအဖွဲ့လို့ ယူဆထားတဲ့ အရာလေးတွေက အသက်တမျှ အရေးကြီးလာတတ်တယ် မဟုတ်ပါလား။ ပေါ့လျှော့လိုက်မိတဲ့ ကိစ္စလေးတချို့က တစ်ဘဝလုံး နောင်တတွေနဲ့ ရှင်သန်သွားစေနိုင်တဲ့အထိ ကြီးမားသွားတတ်ပါတယ်။ အချစ်ကိစ္စမှာတော့ တစ်ခါက ပိုင်ဆိုင်ဖူးတဲ့ လူတစ်ယောက်၊ အသက်တမျှ ချစ်ရတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့ နောင်တတွေကို အရင်းတည်ပြီး ပြန်ကြိုးစားရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ မေ့မရသော အရာမို့ပါလေ။