အချစ်စစ်ကိုသာ သက်သေပြုပါ၏

ခူးခူး

800 Kyats ကျပ်
ပေါ့ပေါ့ပါပါးလေးနဲ့ ဇာတ်မြူးမြူးလေးတွေရဲ့ ရသကို ခံစားချင်သူတွေအတွက်တော့ ခူးခူးရဲ့ ဒီဝတ္ထုဟာ သင့်လျော်တဲ့ပါတယ်ဆိုတဲ့ အကြောင်းပြောပါရစေ။ မိန်းမတစ်ယောက်ရဲ့မာန၊ ယောက်ျားတစ်ယောက်ရဲ့ သိက္ခာနဲ့ လူလောကသဘာဝမှာ ဖြစ်လေ့ရှိတဲ့ ဘဝအတွက် ရုန်းကန်ရပုံတွေကို ခပ်မြူးမြူးလေး ပေါင်းစပ်ဖန်တီးထားတာပါ။ ‘နှိုင်းမေမေ’ ဆိုတဲ့ နာမည်ခပ်ဆန်းဆန်မှာမှ သူ့ကို ‘မေမေ’ လို့ ခေါ်ခိုင်းတတ်တဲ့ တင်စီးမှုနဲ့ မိန်းမ၊ ‘သားကိုကို’ ဆိုတဲ့ နာမည်ကိုမှ ‘သား’ ဆိုတဲ့ တစ်လုံးတည်း အဖျားဆွတ်ခေါ်ခံရတဲ့ ယောက်ျား။ သူတို့နှစ်ဦးကြားမှာ ရှိနေတာက ရရှိထားတဲ့ ဘဝအတွက် ဝင့်ကြွားမှုနဲ့ လိုချင်မက်မောတဲ့ နေရာတစ်ခုအတွက် သည်းခံခြင်းတရား။ ဒီနောက်မှာတော့ ထိုအရာနှစ်ခုကြား မထင်မှတ်ပဲ တိုးဝင်လာတဲ့ သဘာဝ။ “အချစ်စစ်ကို သက်သေပြု” ကြဖို့အတွက် လှည့်ကွက်တွေ ဖန်တီးထားတာက သဘော ကျဖို့ကောင်းတာကြောင့် ဖတ်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။