အကြင်နာတွေ လမ်းခင်းပေးခဲ့ပြီပဲ

ခိုင်မီမီဇင်

800 Kyats ကျပ်
ဝတ္ထုအစမှာ ဒေါ်ငြိမ်းအေးသူနဲ့ သမီးဖြစ်သူ ဖူးပြည့်စုံထွန်းက ရန်ဖြစ်နေတယ်။ ဒေါ်ငြိမ်းအေးသူ တွေးမိတာက ဖူးပြည့်စုံထွန်းဟာ အဖေဖြစ်သူ ကိုလှထွန်းလို မာကျောခက်ထန်တယ်တဲ့။ ဒီလိုကနေစလို့ အတိတ်ကို ပြန်လှန်ကြည့်တဲ့အခါ… ငြိမ်းအေးသူနဲ့ မောင်ဆွေမိုးတို့က သိပ်ချစ်ကြတဲ့ချစ်သူတွေ။ သူတို့မိသားစုက ချို့တဲ့တယ်။ သူတို့နှစ်ယောက်ကို ပတ်ဝန်းကျင်ကလည်း သဘောတူတယ်။ ကံတရားက ဖန်ချင်တော့ ငြိမ်းအေးသူဟာ မောင်လှထွန်းဆိုတဲ့ သူဌေးသားနဲ့ မင်္ဂလာဆောင်ဖို့ဖြစ်လာတယ်။ မောင်လှထွန်းတို့ မိသားစုက ငြိမ်းအေးသူတို့ မိသားစုအပေါ် ကျေးဇူးရှိနေတော့ မင်္ဂလာပွဲကို ငြင်းဆန်လို့ မရခဲ့ဘူး။ နောက်ပိုင်းမှာ ငြိမ်းအေးသူတစ်ယောက် သူပြောသလို ယောက္ခမဆိုး လင်ဆိုးတွေကြားမှာ ရုန်းကန်ရမလား? ငြိမ်းအေးသူနဲ့ သမီးဖြစ်သူ ဖူးပြည့်စုံထွန်းတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဝတ္ထုမှာ ဖတ်ရှုခံစားရမှာပါ။