သံသရာတစ်ကွေ့တွေ့ကြလေသော်

ခိုင်မီမီဇင်

700 Kyats ကျပ်
ကလျာနွယ်က ဆွေကြီးမျိုးကြီး။ အဖွားကြောင့် ပိတ်လှောင်ထားသလို ခံစားနေရတယ်။ အဲဒီအချိန်မှာ ဒေါက်တာရန်မျိုးဆွေနဲ့ သူဆုံခဲ့တာပေါ့။ ဒါကလည်း လူကြီးတွေရဲ့ရင်းနှီးမှုကြောင့်ပါ။ သူတို့ချင်းကလည်း ရင်းနှီးသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားသွားကြတယ်။ နောက်တော့ ကလျာနွယ်က တက္ကသိုလ်တက်ရတယ်။ တစ်သက်လုံးနီးပါး ပိတ်လှောင်ခံနေရတဲ့ ကောင်မလေးက တက္ကသိုလ်တက်ခွင့်ရတဲ့အခါမှာ ဘာတွေဖြစ်လာမလဲ ? နောက်ပြီး၊ ကလျာတို့ရဲ့ သီတဂူစံအိမ်ကြီးရဲ့ ရှုပ်ထွေးလှတဲ့ မိသားစုပြဿနာတွေနဲ့အတူ ကလျာ့ရဲ့ အချစ်ရေး ခရီးလမ်းက ဘယ်လိုများနေမလဲ ဆိုတာ ... အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။