ရင်မှာတွယ်မိ တင်းလွန်းသည့်ကြိုး

ခိုင်မီမီဇင်

700 Kyats ကျပ်
နာရေးကိစ္စ ခရီးထွက်ပြီး အပြန်မှာ စက်လှေမှောက်တဲ့အထဲ ပါဝင်ခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ဘဲ တံငါသည်လင်မယား ကယ်တင်ခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တဲ့ မြကြည်ဖြူ။ မြသီရိမြိုင် စံအိမ်ကြီးဆီကို၊ မြသီရိမြိုင်က ထင်ဇောဆိုသူဆီကို၊ မြသီရိမြိုင်နဲ့ ပတ်သက်သမျှ အရာရာဆီကို ပြန်မသွားချင်တော့တဲ့ မြကြည်ဖြူတစ်ယောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတော့တယ်။ စက်လှေမှောက်တဲ့အထဲ မြကြည်ဖြူဆိုတာ ပါသွားခဲ့ပြီ၊ အလောင်းတောင် ပြန်ရှာမရတော့ဘူးလို့ သတင်းလွှင့်စေခဲ့ပြီးနောက်မှာ မြကြည်ဖြူဟာ မစံပယ်ဆိုတဲ့ နာမည်သစ်နဲ့ ဘဝသစ်ကို စတင်ဖို့ ပြင်ဆင်ပါတယ်။ ဘောဂမြိုင်ဆိုတဲ့ အိမ်ကြီးမှာ အိမ်ဖော်အဖြစ် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ရင်း ဘဝအသစ်တစ်ခုကို ပြန်လည်မွေးဖွားရင်း ငြိမ်းချမ်းဦးဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ မြကြည်ဖြူ တစ်ဖြစ်လည်း မစံပယ်ရဲ့ အတိတ်က ဒဏ်ရာဒဏ်ချက်တွေကို ငြိမ်းချမ်းဦးက ကုစားပေးရင်း ပျော်စရာကောင်းတဲ့ ဘဝလေးတစ်ခု ပိုင်ဆိုင်ခဲ့ချိန်မှာ မြကြည်ဖြူရဲ့ အတိတ်ဟောင်းက မစံပယ်ရဲ့ လက်ရှိဘဝထဲ ထင်မှတ်မထားဘဲ ပြန်လည် ဝင်ရောက်လာတဲ့အခါမှာတော့ … ။