ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်

ခင်မောင်ညို(ဘောဂဗေဒ)

600 Kyats ကျပ်
ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားများရဲ့ အခြေခံဟာ ပြောင်းလဲနေတဲ့ လူမှုရေး အစဉ်အလာတွေ ဓလေ့ထုံးစံတွေ မဟုတ်၊ မပြောင်းလဲတဲ့ သဘာဝတရား နိယာမတွေ ဥပဒေသတွေအပေါ်မှာ မူတည်တယ်။ ဗုဒ္ဓဘာသာလာ ကိုယ်ကျင့်တရားတွေဟာ သဘာဝတရားများရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်။ မပြောင်းလဲတဲ့ အကြောင်းအကျိုးများရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ် ဆိုတဲ့ သာမန် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ သတိမပြုမိတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို ဖတ်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ မျက်ကန်း ယုံကြည်ချက် မဟုတ်ဘဲ ကိုယ်ပိုင် အသိဉာဏ်နဲ့ လက်ခံ ဆုံးဖြတ်ပြီး ပေါ်ပေါက်လာတဲ့ ယုံကြည်ချက်မျိုးကို ပေးနိုင်တာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်လို့ ညွှန်းဆိုပါရစေ။