ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း

ခင်မောင်ညို(ဘောဂဗေဒ)

600 Kyats ကျပ်
ဒေးလ်ကာနက်ဂျီဆိုတဲ့အမည်ဟာ မြန်မာစာဖတ်ပရိတ်သတ်အတွက် ရင်းနှီးပြီးသားပါ။ ကမ္ဘကျော်စာရေးဆရာကြီးအဖြစ် သူရေးခဲ့တဲ့ စာပေအမျိုးအစားတွေနဲ့ ယှဉ်တွဲ မကျွမ်းဝင်ရင်တောင်မှ ဦးနုရဲ့ “မိတ္တဗလဋီကာ”နဲ့ ယှဉ်တွဲပြီး မူရင်းစာရေး သူ ဒေးလ်ကာနက်ဂျီကို သိကြပါတယ်။ ထိုအတူပဲ မိတ္တဗလဋီကာကို တစ်နည်းအားဖြင့်လည်း လူပေါ်လူဇော်လုပ်နည်းလို့ သိကြပါတယ်။ လူတစ်ဦးတစ်ယောက် ဘဝမှာ အောင်မြင်တိုးတက်ဖို့အတွက် လိုအပ်တဲ့ နည်းပေးလမ်းပြတွေကို နောက် နည်းမကျန်အောင် ဖော်ထုတ်ရေးသားထားတဲ့ ဘဝအောင်မြင်ရေးကျမ်းကြီးပါ။ နောက်ထပ်ပြီး ဆရာကြီးတက်တိုးကလည်း ဒေးလ်ကာနက်ဂျီရဲ့ စာအုပ်တစ်အုပ်ကိုပဲ “သောကကင်းဝေးနေနိုင်ရေး”ဆိုတဲ့ အမည်နဲ့ ပြန်ဆိုခဲ့ပါသေးတယ်။ ဒီစာအုပ်က လည်း လူတစ်ဦးချင်းစီရဲ့ ဘဝနေထိုင်မှုမှာ ပျော်ရွှင်သာယာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးသော နည်းနာတွေကို ဖော်ပြထားတာမို့ နာမည်ကျော်လူကြိုက်များလှပါတယ်။ အခု ဆရာခင်မောင်ညို (ဘောဂဗေဒ) ဘာသာပြန်ဆိုလိုက်တဲ့ စာအုပ်ကတော့ ထိုနှစ်အုပ်ရဲ့ အဆီအနှစ်တွေကို စုပေါင်းထားတာပါပဲ။ ဟုတ်ပါတယ်။ ဒေးလ်ကာနက်ဂျီရဲ့ မျိုးဆက်တွေက ထိုနှစ်အုပ်ပေါင်းထဲမှာပါတဲ့ လက်ရွေးစင်ဆောင်းပါးတွေကို ရွေးချယ် ကောက်နုတ်စုစည်းပြီး ၁၉၉၁ ခုနှစ်က ထုတ်ဝေခဲ့တာပါ။ အခုအချိန်အထိ ဘာသာပေါင်းများစွာနဲ့ အကြိမ်ရေပေါင်းများစွာ ပြန်လည်ထုတ်ဝေပြီးဖြစ်ပါတယ်။ လူပေါ်လူဇော်လုပ်ရင်း သောကကင်းဝေးတဲ့ ဘဝကို ဖန်တီးနိုင်မယ့် စာအုပ်ဖြစ်တာကြောင့် မဖတ်ဖူးတဲ့သူတွေအတွက်တော့ လက်မလွတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။