စုစုစည်းစည်း စည်းစည်းဝေးဝေး ဆုံးဖြတ်ရမည့် အဆုံးအဖြတ်

ခင်မောင်ညို(ဘောဂဗေဒ)

600 Kyats ကျပ်
ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အစိုးရဌာန၊ အစိုးရ အမှုထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ စီးပွားရေး လုပ်ငန်းများမှာ နေ့စဉ်နဲ့အမျှ အစည်းအဝေးတွေ ကျင်းပလေ့ရှိတတ်ပါတယ်။ မိတ်ဆွေ … သင်ဟာ အစည်းအဝေးတွေကို တက်ရောက်ရသူဖြစ်စေ၊ တက်ရောက်ရမယ့်လူတစ်ယောက် ဖြစ်စေ၊ ဒီစာအုပ်ငယ်ဟာ အစည်းအဝေးနဲ့ ပတ်သက်သူတိုင်း မဖြစ်မနေ ဖတ်ထားသင့်တဲ့ စာအုပ်ပါ။ ကိုယ်က အစည်းအဝေး တက်ရောက်သူဖြစ်ဖြစ်၊ နားထောင်ရသူဖြစ်ဖြစ်၊ သဘာပတိနေရာဖြစ်ဖြစ်၊ အစည်းအဝေးနဲ့ ပတ်သက်ပြီး ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ အကျိုးပြုမယ့် စာအုပ်မျိုး ဖြစ်ပါတယ်။ ပုံစံတကျ ကျင်းပတဲ့ အစည်းအဝေးတွေအတွက်ဖြစ်ဖြစ်၊ အလွတ်သဘော အစည်းအဝေးတွေ ဖြစ်ဖြစ်၊ အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး လက်တွေ့ဆန်တဲ့ အချက်အလက် အကျိုးအကြောင်းတွေကို ရေးသားထားတာမို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ပါတယ်ခင်ဗျ။