စီးပွားရေးထဲကလူ လူထဲကစီးပွားရေး

ခင်မောင်ညို(ဘောဂဗေဒ)

600 Kyats ကျပ်
လူနဲ့ စီးပွားရေး။ လူတွေဟာ ကမ္ဘာဦး ကိုယ့်အုပ်စုနဲ့ကိုယ် ဖြစ်လာတဲ့အချိန်ကစပြီး စီးပွားရေးအကြံအစည်တွေ ရှိခဲ့ကြပါတယ်။ တနိုင်တပိုင် စီးပွားရေးသမားတွေ ဖြစ်ခဲ့ကြပါတယ်။ လူဆိုတာ စီးပွားရေးသတ္တဝါလို့ ဆိုနိုင်ပါတယ်။ စီးပွားရေးဆိုတာက အကျယ်ကြီးပါ။ သူ့စီးပွား၊ ကိုယ့်စီးပွား အားလုံး အကျုံးဝင်ပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ ဆောင်းပါးတွေဟာ စာထဲက လူတွေ၊ လက်တွေ့ဘဝက လူတွေရဲ့ စီးပွားရေးဆိုင်ရာ အကြောင်းအရာအမျိုးမျိုးကို အတွေးအမြင် အမျိုးမျိုး၊ ပုံဟန်အမျိုးမျိုးနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေဖြစ်သလို လူနဲ့ စီးပွားရဲ့ ဆက်စပ်ပုံတွေကိုလည်း ထိတွေ့သိမြင်ရမှာ ဖြစ်ပါတယ်။ လူဆိုတာ လူတွေအကြောင်း စိတ်ဝင်စားသလို၊ လူတွေရဲ့ စီးပွားအကြောင်းကိုလည်း စိတ်ဝင်စားတယ် မဟုတ်လား။ လူတွေထဲက စီးပွားရေးနယ်ပယ်၊ စီးပွားရေးနယ်ပဲထဲက လူတွေအကြောင်းကို လူတွေဖတ်ဖို့ ရေးသားထားတဲ့ ဒီဆောင်းပါးတွေက စီးပွားရေးနဲ့ မကင်းကြတဲ့ စာချစ်သူအားလုံး ဖတ်သင့်မှတ်သင့် တွေးမြင်ဆင့်ပွား စဉ်းစားသင့်တဲ့ ဆောင်းပါးမျိုးတွေပဲ ဖြစ်ပါတယ်။