သဇင်ပန်း တစ်ခက်နှစ်ခက်

ခင်ဆွေဦး

600 Kyats ကျပ်
မင်းဘ၀နဲ့ ငါ့ဘ၀ ဘာမှမဆိုင်ပါဘူး၊ မင်းက မင်းကြိုက်နှစ်သက်တဲ့ သဇင်ပန်းလို မြေနဲ့မထိ၊ နေရောင်မခံဘဲ ပင်ယံမြင့်မှာ ပွင့်တဲ့ မိန်းကလေး။ ငါက မြေမှာပေါက်တဲ့ ဒဟတ်ပန်းလိုဆိုတော့ မင်းနဲ့ငါနဲ့ကြားမှာ အလွှာလွှာအထပ်ထပ် ခြားနေတာပဲ။ မိုးကုတ်စက်ဝိုင်းနဲ့ မြေကြီးလိုပေါ့၊ ထိတော့ ထိနေသလိုပဲ၊ ဒါပေမဲ့ တကယ် ထိသလားဆိုတော့ မထိဘူး၊ဘယ်တော့မှ မထိဘူး၊ တစ်သက်လုံး ပေါင်းဆုံဖို့ဆိုတာ အို...ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ပါဘူး။ ဘ၀ဒဏ်ရာဒဏ်ချက်များနဲ့ ခရီးကြမ်းများ အပြင်းနှင်ခဲ့ရာမှ ကိုယ်စီအသီးသီး ဘ၀သင်ခန်းစာများလည်းရပြီး ရင့်ကျက်တည်ငြိမ်သော ဣ​နြေ္ဒလည်း အလိုအလျောက်ရရှိခဲ့ကြသည်။ စာရေးဆရာမ ခင်ဆွေဦး ၏ "သဇင်ပန်းတစ်ခက်နှစ်ခက်" စာအုပ်လေးနဲ့ စာချစ်သူများ ကို မိတ်ဆက်ပေးလိုက်ပါရစေ။ စာချစ်သူများအတွက် စာပေသာမက ဗဟုသုတပါရစေရန် ရည်ရွယ်ရင်း စာအုပ်လေးဖတ်ဖို့ တိုက်တွန်းလိုက်ပါရစေ။