ကျေးတစ်ရာ ရသစာစုများ

ခင်ခင်ထူ

1000 Kyats ကျပ်
အမှာစာကောက်နုတ်ချက် ။ ။ အမျိုးသား လွတ်မြောက်ရေးကာလ ဝံသာနုနိမိတ်ပုံ၊ ရိုးရာဆင်၊ ပြည်တွင်းဖြစ်၊ ယဉ်ယဉ်သန့်သန့်နှင့် ဆန်းလှသည့် ရက်ကန်းထွက် အဆင်ဆန်း။ ရတနာပုံခေတ်တုန်းကလည်း ကျေးတစ်ရာဆင် ခေါင်းပေါင်းရှိခဲ့တာဆိုတော့ နောက်ပိုင်းခေတ်တွေမှာ ရှေးအဆင်ကို ကူးစက်ရယူခဲ့ခြင်း ဖြစ်တန်ပါ၏။ ခေါင်းပေါ်မှာ တစ်ရာကျေးနှင့် ထူးလို့ ယဉ်ကျေးလေ့တဲ့။ ကျေးတစ်ရာ ဆိုသည့်အမည်ကို နှစ်သက်မြတ်နိုးစွာဖြင့် ကျွန်မ၏ ရသစာစုများ ခေါင်းစဉ်အဖြစ် ပေးဖို့ရာ ကျွန်မ ရွေးချယ်လိုက်ပါသည်။ အခုတော့လည်း ကျွန်မကြုံခဲ့သမျှ ရွာဓလေ့တွေ၊ ကျွန်မဖတ်ခဲ့သမျှ စာဓလေ့တွေ၊ ကျွန်မရောက်ခဲ့ရသည့် ခရီးအချို့နှင့် တွေးမိသမျှ အတွေးစတွေကို ပုဆိုးများ အနံစပ်သလို စပ်ရင်း တစ်စုတစ်စည်းတည်းဖြစ်အောင် စီစဉ်နိုင်ခဲ့ပါပြီ။ ခေါင်းစီးကိုလည်း ကျေးတစ်ရာ ရသစာစုများလို့ ပေးလိုက်ပါပြီ။