အညာသူ အညာသား က်ြန္မေဆြမ်ိဳးမ်ား

ခင်ခင်ထူး

1000 Kyats ကျပ်
ဆရာမ ခင်ခင်ထူးရဲ့ နာမည်ကျော် လက်ရာ စာအုပ်တစ်အုပ်ပါ။ ဘဝဇာတ်ခုံမှာ မြန်မာတို့ရဲ့ နိမိတ်ပုံဖြစ်တဲ့ အညာကျေးလက် ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ ကပြလှုပ်ရှား ရုန်းကန်နေကြတဲ့ ဆရာမရဲ့ ဆွေမျိုးသားချင်းတွေကို ဇာတ်ကောင်ပြုလို့ ဆရာမက ပွဲကြည့်ပရိသတ်နေရာကနေ ကြည့်မြင်ခံစား ရေးသားခဲ့တာ ဖြစ်သလို ရွှေအမြုတေ မဂ္ဂဇင်းရဲ့ စာမျက်နှာမှာ အခန်းဆက် ရေးသားရင်း အားလုံး အပြီးသတ်ချိန်မှာ စာအုပ်အဖြစ် စုစည်းထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် ဆရာမရဲ့ ပထမဦးဆုံး လုံးချင်းအဖြစ် ထုတ်ဝေခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်တဲ့ ဒီစာအုပ်ကတော့ စာဖတ်သူတွေအတွက် သုတရသ ခံစားမှုတွေ အဖုံဖုံ ပေးစွမ်းနိုင်မယ့် အညာရနံ့ ထုံမွှမ်းတဲ့ မြန်မာစာပေလက်ရာ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။