ပဲသင်းကောက်

ခင်ခင်ထူး

1000 Kyats ကျပ်
...ဆရာမ ခင်ခင်ထူးရဲ့ ကိုယ်တွေ့ အတွေ့အကြုံ၊ အညာဓလေ့ ရွာဓလေ့ အကြောင်းအရာ အဖြစ်အပျက် အဖုံဖုံကို ရေးသားထားတဲ့ အက်ဆေးတွေကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အညာဓလေ့ ရွာဓလေ့ ဆိုတဲ့အတိုင်း အထက်အညာဒေသ အညာကျေးလက်ရဲ့ ဓလေ့ထုံးစံ၊ အစားအစာ၊ နေထိုင်မှု၊ ပြောဆိုမှု၊ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာတွေနဲ့ အညာရနံ့ လွှမ်းတဲ့ အက်ဆေးတွေကို ဖတ်ရှုကြရမှာပါ။ ဒီစာအုပ်ထဲမှာတော့ ဆရာမရဲ့လက်ရာ … တည်းကျောင်းဇရပ်၊ ထာဝရပုည ရေချမ်းစင်၊ ပုန်းမကြည်ရှင်မ၊ ဖက်ရွက်ဝတ်ခွက်၊ တမာကြေးစည်၊ ဗိုင်းငင်ဝါဖန်၊ အိမ်လုံးသာညံတော့၊ ရက်ထဘီ ကွက်စီအစင်းရယ်နဲ့၊ တောဘုရားပွဲ၊ ပင်လက်ပံ ကြွေချိန်ကျပြီမို့၊ တောသရေစာ၊ ရွာပင်၊ စင်ယှဉ်ရယ်မှတလား ပန်းရထားနဲ့၊ သူ့လှည်းယာဉ် ကြောင်ရှင်သွားသည့်နှယ်၊ အညာဆန်လှေကြီး၊ ရေကြီးခါ၊ ဆေးမြီးတို၊ တောဈေး၊ သံသာလေကမ်းတိုင်၊ မှတ်ယူကြောင်း ဟိတ်ကောင်းနိမိတ်နှင့် စတဲ့ အညာဓလေ့ ရွာဓလေ့ အက်ဆေးတွေ ပါဝင်ပါတယ်။ စာမျက်နှာ စာဝါကျတွေကနေတစ်ဆင့် အညာဒေသဆီ ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားရမယ့် သုတ ရသ အက်ဆေးကောင်းတွေကို ဖတ်ရှုခံစားကြည့်ကြပါဦး။