ပန်းကြာဝတ်မှုန်

ခင်ခင်ထူး

1000 Kyats ကျပ်
>>> ဒီစာအုပ္ကေတာ့ တကယ္ကိုဖတ္သင့္တဲ့ စာအုပ္ပါ။ ဟုတ်ပါတယ်။ စာအုပ်ကောင်းမို့ မဖတ်လိုက်ရမှာစိုးလို့ အက်ဒမင်က ကြိုညွှန်းနေရတာ။ ကျေးလက်အလှတွေ၊ ဘဝသရုပ်ဖော် ဝတ္ထုတိုတွေ ရေးတတ်သူ ဆရာမကြီး ခင်ခင်ထူးရဲ့ ထူးထူးခြားခြား ဝတ္ထုရှည်လက်ရာ။ ‘ပန်းကြာဝတ်မှုန်’ ဝတ္ထုရှည်ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်ရိုက်တော့လည်း အင်မတန် လူကြိုက်များခဲ့တယ်။ ဝတ္ထုဇာတ်လမ်းကတော့ (၁၉၈၀) ဝန်းကျင်တုန်းက မန္တလေးတက္ကသိုလ်ကို နောက်ခံထားတယ်။ တက္ကသိုလ်မှာ တွေ့ကြတဲ့ မြင်းခြံသူ ‘သီရိမေ’ နဲ့ ရှမ်းစော်ဘွားအနွယ်ဝင် ‘အောင်နိုင်သူ’။ အကြိုက်ချင်းတူတဲ့ သူတို့နှစ်ယောက်ကြားက မေတ္တာလွန်ဆွဲပွဲကို အလှပဆုံး ရေးဖွဲ့ပြထားတယ်။ >>> လှပသိမ်မွေ့တဲ့ ‘သီရိမေ’။ အစ်ကိုအရင်းလို အားကိုးချစ်ခင်ရသူက မိတ်ဆက်ပေးတာကြောင့် သိကျွမ်းရင်းနှီးတဲ့ ‘အောင်နိုင်သူ’ နဲ့ ခံစားချက်ခြင်းဖလှယ်၊ ယုံကြည်ချက်တွေ တည်ဆောက်ပြီး နှလုံးသားချင်း နီးစပ်ခဲ့ကြတယ်။ သူတို့နှစ်ယောက်ကြားက အဖြေရှာမရတဲ့ သံယောဇဉ်တွေ၊ အတိတ်ဟောင်း စာမျက်နှာတွေကို တစ်ချပ်ချင်း၊ တစ်လွှာချင်း မြင်ရတယ်။ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အပြင်၊ ဆရာမခင်ခင်ထူးက တစ်နှစ်နီးပါး အချိန်ယူရေးခဲ့ရပြီး ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာမကြည်အေးတို့ရဲ့ ကဗျာအတော်များများကိုလည်း ဇာတ်ကောင်တွေနဲ့ လိုက်ဖက်အောင် ထည့်သွင်းထားတော့ ဖတ်ရတာ အရမ်းသဘောကျဖို့ ကောင်းတာပဲ။