ပန်းစည်းကြိုး

ခင်ခင်ထူး

1000 Kyats ကျပ်
ပန်းစည်းကြိုး (မဂ္ဂဇင်း ဝတ္ထုရှည်များ) စာအုပ်ကတော့ ဆရာမခင်ခင်ထူးရဲ့ မဂ္ဂဇင်း ဝတ္ထုရှည် စုစည်းမှုအနေနဲ့ ဒုတိယမြောက် ထုတ်ခဲ့တဲ့ စာအုပ်ပါ။ အညာကျေးလက်ဒေသနောက်ခံ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ဝတ္ထုရှည်အနေနဲ့ ဖန်တီးပုံဖော် ရေးဖွဲ့ထားတဲ့ ဆရာမရဲ့ လက်ရာတွေကိုတော့ မကြိုက်သူ မရှိပါဘူး။ အခု ပန်းစည်းကြိုး မဂ္ဂဇင်းဝတ္ထုရှည်မှာ ပါဝင်တဲ့ ပန်းစည်းကြိုးဆိုတာဟာလည်း ကျေးလက်နေ မိန်းကလေးငယ်တွေ ဆံပင်ကလေးတွေ ရှည်လာပြီ ဆိုတာနဲ့ လူကြီးသူမတွေက ဆံပင်ကို အုန်းဆီနဲ့ ဖြီးလိမ်းပေးပြီး ဘီးနဲ့ ဖြီးသင်လို့ ပန်းစည်းကြိုးကလေးတွေနဲ့ စည်းပေးလေ့ရှိပါတယ်။ ပန်းစည်းကြိုး ဆိုတာက ချည်ပွတစ်မျိုးဖြစ်ပြီး ပန်းရောင်တောက်တောက် ဆိုးထားလေ့ ရှိကြပါတယ်။ ဆရာမရဲ့ ဒီစာအုပ်မှာလည်း အညာကျေးလက်အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ရသဝတ္ထုရှည်တွေကို ဖတ်ရှုကြရမှာပါ။