ခမည်းကြိုး

ခင်ခင်ထူး

1000 Kyats ကျပ်
ဒီစာအုပ်က ဆရာမရဲ့ပရိသတ်တွေအတွက်တော့ ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားစေမယ့် စာအုပ်ပါ။ မဂ္ဂဇင်းဝတ္ထုရှည်ဖြစ်နေတော့ ဖတ်ရတဲ့အခါ အရင်နဲ့မတူနဲ့ ရသမျိုး ခံစားရပါလိမ့်မယ်။ ရှေ့မှာ ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုတွေနဲ့၊ ဝတ္ထုရှည်တချို့တုန်းက ကျေးလက်ဒေသ အဖွဲ့အနွဲ့တွေကို ဦးစားပေး ရေးလေ့ရှိတဲ့ဆရာမက ဒီမဂ္ဂဇင်းဝတ္ထုရှည်မှာတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ငယ်လေးတစ်မြို့က အမျိုးသမီးတစ်ဦးရဲ့ ကိုယ်အမူအရာ၊ စိတ်အမူအရာတွေနဲ့ ပြောဆိုပုံတွေကို ဇာတ်ကောင်စရိုက်အဖြစ် အခြေပြုပြီး ရေးသားထားတာပါ။ >> အမျိုးသမီးပြောပြတဲ့ ဘဝဇာတ်လမ်းကို ချဲ့ထွင်၊ မြန်မာ့သစ်တောသမိုင်း စာအုပ်တွေကနေ အချက်အလက်တွေကို ရယူ၊ တခြားဇာတ်ကောင်တွေကို ထည့်သွင်းလှုပ်ရှားစေခြင်းအားဖြင့် ‘ခမည်းကြိုး’ ဝတ္ထုရှည်ကြီး မွေးဖွားလာတာပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုရှည်ကြီးကို ဆရာမက (၁၁) လကြာအောင် အချိန်ယူ ရေးသားခဲ့ရပြီး Beauty မဂ္ဂဇင်းမှာ အချိန်အတော်ကြာ ဖော်ပြခဲ့ဖူးပါတယ်။ စာအုပ်ထဲမှာ သဘာဝလွန်ဖြစ်ရပ်တချို့နဲ့ ဆက်စပ်တာတွေလည်း ပါဝင်တော့ အားလုံးလည်း စိတ်ဝင်တစား ရှိကြမှာ သေချာပါတယ်။