နှုတ်ဆက်ခဲ့ပါတယ် ရွာကလေးရယ်

ကျွန်းစဉ်မြေစောခက်

600 Kyats ကျပ်
ရသဝတ္ထုတိုကောင်းကောင်းတွေ ဖတ်ချင်သူတွေအတွက် ဆရာကျွန်းစဉ်မြေစောခက်ရဲ့ မဂ္ဂဇင်းဝတ္ထုတို စုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရသဝတ္ထုတိုတွေက တိုတိုထိထိနဲ့ စာဖတ်သူရဲ့ ရင်ကို တည့်တည့်ထိစေတဲ့ ရည်ရွယ်ချက် Message တွေကို ပေးစွမ်းနိုင်တဲ့အပြင် တစ်ပုဒ်ချင်းစီကို အချိန်အကြာကြီး ပေးစရာမလိုဘဲ ခံစားနိုင်တာမို့ စာချစ်သူအများ ကြိုက်ကြတဲ့ စာပေအမျိုးအစားတစ်ခုပါပဲ။ ဆရာကျွန်းစဉ်မြေစောခက်ရဲ့ ဝတ္ထုတိုတွေကလည်း ရသစုံ၊ အကြောင်းအရာစုံ၊ တင်ပြပုံစုံ၊ ခံစားမှုစုံတဲ့အပြင် လူမှုဘဝ ပတ်ဝန်းကျင်က လူတန်းစားအမျိုးမျိုးရဲ့ ဘဝဇာတ်ခုံပေါ်က ဇာတ်လမ်းအဖုံဖုံကို တစ်ပုဒ်နဲ့တစ်ပုဒ် မထပ်စေဘဲ ရေးသားထားတာမို့ စာချစ်သူတို့ အကြိုက်တွေ့မှာ သေချာပါတယ်။ လွမ်းမောဖွယ် ကျေးလက်ရဲ့ အငွေ့အသက်တွေ၊ မြို့ပြရဲ့ မွန်းကျပ်မှုတွေ၊ ခံယူချက်မတူတဲ့ လူအမျိုးမျိုး၊ လူ့စိတ်သဘာဝ အမျိုးမျိုးကို ရသဝတ္ထုတိုတွေအဖြစ် ပုံဖော်ထားတာမို့ ဖတ်ကြည့်လိုက်ပါလို့ပဲ လက်တို့ချင်ပါတယ်နော်။