ကုသိုလ်အရောင်ဆိုးပေးပါ

ကျွန်းစဉ်မြေစောခက်

600 Kyats ကျပ်
(၂၀၀၆) ခုနှစ် စာပေဗိမာန် (လူငယ်စာပေ) ပထမဆု နဲ့ (၂၀၀၈) ခုနှစ် အမျိုးသားစာပေ (လူငယ်စာပေ) ဆုရ ဝတ္ထုတိုစုစည်းမှု စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ခဲလုံးကြားက ပုလဲလုံးများ၊ ငယ်သူတို့နှလုံးသား၊ ခံယူချက်ပစ်မှတ်၊ ကုသိုလ်အရောင် ဆိုးပေးပါ၊ ကန့်လန့်ဖြတ် စီးဆင်းသွားသော ချောင်းကလေး၊ တစ်ဆစ်ချိုး ပြေးလမ်း၊ ပင်လယ်ပြင်စီးချင်း၊ ခွင့်လွှတ်ပါ အမေရယ်၊ ဆန်တက်ချိန်မှာ ဆန်လာနိုင်ပါဘိ စုန်ဆင်းချိန်မှာ စုန်လာနိုင်ပါဘိ၊ စီးကျမျက်ရည် ပီတိမည်စေ … စတဲ့ ဘဝရသ ဝတ္ထုတို (၁၀)ပုဒ်ကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ဖတ်ရှုခံစားကြရမှာပါ။ လူငယ်စာပေဆုရ စာမူတွေဖြစ်တဲ့အတိုင်း … ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတွေဟာ လူငယ်တွေကို မကောင်းတဲ့ အမူအကျင့်တွေ ပစ်ပယ်၊ ကောင်းတဲ့အကျင့်တွေ ပျိုးထောင်လာစေဖို့ သင်ကြားနိုင်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူငယ်တွေရဲ့ ကုသိုလ်စေတသိက်နဲ့ အကုသိုလ်စေတသိက် မရောနှောစေဖို့ ရည်ရွယ်ချက်နဲ့ ဆုံးမထားတဲ့ စာအုပ်ဖြစ်လို့ မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်မှာ လမ်းပျောက်နေတဲ့ လူငယ်တွေကို အောင်မြင်မှုကမ်းခြေဆီ လမ်းညွှန်ပြသထားတဲ့ ဘဝမီးပြတိုက်တစ်ခုလို့လည်း ဆိုရမှာပါ။ စာပေဆု နှစ်ဆုရရှိထားတဲ့ ဝတ္ထုတိုကောင်းကောင်းလေးတွေကို ခံစားဖတ်ရှုကြည့်ကြပါဦးနော်။