အဖြူရောင်...မုသား

ကျူးရင့်

300 Kyats ကျပ်
“မောင် တကယ် ပြောနတာ လွမ်း၊ မောင် လွမ်းကို နောက်နေတာ မဟုတ်ဘူး” မောင့်မျက်နှာကို ကျွန်မ မယုံကြည်လို့ ကြည့်လိုက်တော့ မောင်က နောက်နေတဲ့ပုံ မပေါ်ဘူး။ “မောင် … မောင် ဘာပြောလိုက်တယ်” မောင် … မောင် ရူးများသွားပြီလား။ ကျွန်မမှာ ဘာအပြစ်ရှိလို့ လမ်းခွဲမှာလဲ။ “င့ါမှာ လက်ထပ်ရမယ့် မိန်းကလေး ရှိတယ်” “လက်ထပ်ရမယ့် မိန်းကလေး ဟုတ်လား၊ မောင် ဒါဆို ကျွန်မကို ရွေးချယ်ခဲ့တာက မောင်က မောင် ဘယ်လို သဘောမျိုးနဲ့ ရွေးချယ်ခဲ့တာလဲ” “ဟုတ်တယ် ငါမင်းကို ရွေးချယ်ခဲ့တာ မှားသွားမှန်း ငါသိပြီ။ ဒါကြောင့် လွမ်း၊ မင်းင့ါကို ထွက်သွားခွင့် ပေးပါကွာ၊ အချစ်တစ်ခုတည်းနဲ့ ဘဝကို တည်ဆောက်လို့ ရတယ်လို့ မင်း ကလေးတွေး တွေးနေတာလား လွမ်းမရနိုင်၊ င့ါကို ငါ့ကို နုတ်ထွက်ခွင့်ပေးပါ” …