ခြား ဝတ္ထုတိုတင်ဆက်မှု

ကလောင်စုံ

800 Kyats ကျပ်
ဝတ္ထုတို ကြိုက်တတ်သူတွေအတွက် ဝတ္ထုတိုစုစည်းမှု စာအုပ်တစ်အုပ်ထပ်လာပြီနော်။ ဒီစာအုပ်ထဲမှာပါတဲ့ ဝတ္ထုတိုတွေက တစ်ပုဒ်ဖတ်ပြီး တစ်ခါတွေးရစေတဲ့၊ ခံစားရစေတဲ့ ဝတ္ထုတိုတွေကြီးပါပဲ။ “ခြား” ကို ဖန်တီးခဲ့ကြသူတွေကတော့ “စာပေလောကမှာ ‘ခြား’ ဟာ အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့်ရတာကို ဂုဏ်ယူ ဝမ်းမြောက်လို့ မဆုံးပါဘူး” လို့ ဆိုထားပါတယ်။ ဒီလိုခံယူချက်နဲ့ ဖန်တီးထားတဲ့ စာအုပ်ထဲမှာ မောင်ဩလေး၊ မင်းသူရ (တပ်ကုန်း)၊ ပန်းရှိန်ကို(နတ်တလင်း)၊ လင်္ကာဒီပ(ဆလိုင်း)၊ အောင်မြတ်ဝေ(အညာမြေ) အပြင် အခြားစာရေးဆရာတွေရဲ့ လက်ရာဖြစ်တဲ့ မရဏကျိန်စာ၊ တမလွန်ဖူးစာ၊ အနာဂတ်ရဲ့နေ့သစ်ဆီသို့၊ အာဃာတဇော စတဲ့စတဲ့ ဝတ္ထုတိုတွေ အများကြီးပါဝင်ပါတယ်။ ဖတ်ရှုခံစားကြည့်ကြပါဦး။