ကောင်းကင်ဘုံမှာဆောက်တဲ့အိမ်

ကလောင်စုံ

800 Kyats ကျပ်
ကောင်းကင်ဘုံမှာဆောက်တဲ့အိမ် တဲ့။ စာအုပ်နာမည်က ကဗျာဆန်လှသလို၊ အိပ်မက်လည်း ဆန်လှပါတယ်။ တကယ်လည်း ဒီစာအုပ်က အိပ်မက်ဆန်နေတော့ အံ့သြမိပါတယ်။ ဘာလို့လဲဆိုတော့ ကမ်းလက်များ စာပေအဖွဲ့အနေနဲ့ ရသစာပေဆိုင်ရာ အိပ်မက်တွေကို အများကြီး မက်ခဲ့ဖူးကြတယ်။ အခုတော့ အဖွဲ့ထဲက ရသစာပေ မျိုးဆက်သစ်တွေက ရသစာပေဆိုင်ရာ အိပ်မက်တွေကိုယ်စီကို ဒီစာအုပ်ထဲမှာ ဂုဏ်ယူစွာ တင်ဆက်လိုက်နိုင်ပြီဗျ။ ဒီစာအုပ်ဟာ ကမ်းလက်များစာပေအဖွဲ့ကနေ ဆင့်ပွားပေါ်ပေါက်လာတဲ့ ရသလက်ရာ စုစည်းမှုပါပဲ။ ကမ်းလက်များ စာပေအဖွဲ့မှ ဆုရကလောင်ရှင်တွေရဲ့ စာမူတွေ တစ်စုတစ်စည်းတည်း မြင်ရမှာဖြစ်လို့၊ စာဖတ်သူကိုရော ဘယ်လိုရသတွေ ပေးမလဲ ? ဆုရကလောင်ရှင်တွေရဲ့ လက်ရာက ဘယ်လောက်အထိ ကောင်းမွန်နေမလဲဆိုတာ ကိုယ်တိုင် ခံစားဖတ်ကြည့်လိုက်ရအောင်နော် !