အပြင်စည်း ပရဝတ္ထုတိုများ

ကလောင်စုံ

800 Kyats ကျပ်
သရဲ တစ္ဆေဆိုတာကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြတယ်။ တချို့ကလည်း ကြောက်ကြတယ်။ တချို့ကလည်း မကြောက်ကြဘူး။ တချို့ကလည်း ယုံကြတယ်။ တချို့ကလည်း မယုံကြဘူး။ ဒီအထဲမှာမှ သရဲတစ္ဆေဆိုတာ သနားစရာကောင်းတယ်လို့ ခံယူထားကြသူတွေလည်း အများကြီးပါပဲ။ ဒါဟာ မေတ္တာတရားပေါ့။ ဒီစာအုပ်ကလည်း မေတ္တာတရားကြောင့်ဖြစ်လာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ကြောင့်ရလာသမျှအကုန်လုံးကို ပြန်လှူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို ထုတ်ထားဖြစ်လို့ပါပဲ။ စာအုပ်ထဲမှာ ဘုတနှော၊ ကွင်းပိုင်ကြီး၊ သာကွယ်ထဲက ဥစ္စာစောင့်၊ ပရဧည့်သည်၊ ကွက်လပ်၊ ကျောင်းသရဲ၊ ဇော၊ စိတ်တံခါး၏ နောက်ကွယ် စတဲ့စတဲ့ စိတ်ဝင်စားစရာ ပရလောကဇာတ်လမ်းတွေ အများကြီးပါဝင်တာဖြစ်လို့ ဖတ်ကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။