အဲ့ဒါအောင်ဆန်း

ကလောင်စုံ

600 Kyats ကျပ်
စာရေးဆရာ သုခ၊ အောင်စိုး၊ အောင်သပြေ၊ နတ်မောက်ဘုန်းကျော်၊ စိုးရှိန်၊ ချင်းတွင်းချစ်သွေး … စတဲ့ ကလောင်ရှင်တွေ ရေးသားခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရသဝတ္ထုနဲ့ ဆောင်းပါးများကို စုစည်းထားတာပါ။ ဆရာသုခရဲ့ သခင်ကတော် အပါအဝင် အခြား ရသဝတ္ထုနဲ့ ဆောင်းပါးတွေကို စိတ်ဝင်တစား ဖတ်ရှုကြရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးအပါဆုံးသော မြန်မာခေါင်းဆောင် တစ်ဦးဖြစ်သလို မြန်မာ့လွတ်လပ်ရေးဖခင်ကြီးအဖြစ် ယနေ့ထိတိုင် မြန်မာပြည်သူလူထုရဲ့ နှလုံးသားမှာ ကြည်ညိုလေးစားဂုဏ်ပြုရသူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်၊ အကြောင်းအရာတွေကို အတ္ထုပ္ပတ္တိဟန် အမျိုးအစားမဟုတ်ဘဲ ရသဝတ္ထု ဆောင်းပါးတွေအဖြစ် ခံစားဖတ်ရှုကြရမှာ ဖြစ်ပါတယ်။