အသွားအပြန်ရှိသော ထိုမေတ္တာ

ကလောင်စုံ

600 Kyats ကျပ်
ကြူကြူသင်း၊ မြေလတ်ထင်ကျော်မိုး၊ နိုင်စိုးမြင့် (စက်မှုတက္ကသိုလ်)၊ ဟန်သီဇင်၊ သတိုးချာလီဆွေ၊ သန်လျင်ရှင်လေး၊ မနွယ်(ကလော)၊ ရွှေညာမြေ မြတ်သင်းကြိုင်၊ ညိုပြာ(တောင်တွင်းကြီး)၊ ဘိုမျိုး (ရွှေဘို)၊ စံလင်းဦး (ထီလာ) တို့ရဲ့ ရသဝတ္ထုတိုတွေကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အသွားအပြန်ရှိသော ထိုမေတ္တာ ဆိုတဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတိုတွေက လူအချင်းချင်းမှာ ဖြစ်စေ၊ လူနဲ့ အခြား သတ္တဝါတွေ အကြားမှာ ဖြစ်စေ၊ ထားရှိကြတဲ့ မေတ္တာတရားကို အခြေပြုလို့ ရေးသားထားတဲ့ ဝတ္ထုတိုတွေပါ။ မေတ္တာတရားဟာ အစွမ်းအထက်ဆုံး အင်အားဖြစ်ကြောင်း ပုံဖော်ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေကို ဖတ်ရှုရတဲ့အခါ စိတ်နှလုံးဟာ နူးညံ့လာပြီး ကြည်နူးအေးချမ်းတဲ့ ရသခံစားမှုတွေကို တဖွားဖွား ခံစားရမှာ ဖြစ်ပါတယ်။