အနုမြူနှင့် ငြိမ်းချမ်းရေး

ကလောင်စုံ

500 Kyats ကျပ်
ငြိမ်းချမ်းရေး။ လူသားကမ္ဘာမှာ အာဏာ၊ အတ္တ၊ လောဘ၊ ဒေါသ၊ မောဟတွေ ကြီးစိုးလာတာနဲ့အမျှ ခေါင်းစဉ်အမျိုးမျိုးနဲ့ စစ်ပွဲတွေဟာ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့ကြပါတယ်။ နယ်မြေအတွက်၊ တိုင်းပြည်နဲ့ လူမျိုးအတွက်၊ ရွှေငွေဥစ္စာအတွက်၊ အချစ်အတွက်၊ ပလ္လင်ထီးနန်းအတွက်၊ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖြစ်ခဲ့ကြတဲ့ စစ်ပွဲတွေ။ ကျောက်ခဲ လက်နက်ကနေ ဓား၊ လှံ၊ လေး၊ မြား ကိုင်စွဲတိုက်ခိုက်ခဲ့ကြတဲ့ ခေတ်၊ သေနတ်၊ အမြှောက်၊ ဗုံး၊ မိုင်းတွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတဲ့ ခေတ်၊ နောက်ပိုင်း … အနုမြူလက်နက်တွေနဲ့ တစ်ကမ္ဘာလုံး ပြာဖုံးလွှမ်းစေဖို့ ကြံစည်နေတဲ့ ခေတ်ကိုလည်း ရောက်ခဲ့ပါပြီ။ လူသားတိုင်းရဲ့ ရင်ထဲမှာ မငြိမ်းချမ်းသရွေ့၊ ငြိမ်းချမ်းရေးစင်စစ် မရသေးသရွေ့၊ စစ်ပွဲတွေက ရှိနေဦးမှာပါပဲ။ ဒီစာအုပ်ကတော့ ကမ္ဘာလောကကြီး စိမ်းလန်းစေဖို့အတွက် အလိုအပ်ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်ရည်သန်ပြီး ရေးဖွဲ့ထားတဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတွေကို စုစည်းတင်ဆက်မှု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားကြသူတိုင်းအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် စာပေကနေ ဖော်ထုတ် တင်ပြမှုတစ်ခုဖြစ်တာကြောင့် စာချစ်သူတိုင်း အကြိုက်တွေ့မယ့် စာအုပ်တစ်အုပ် ဖြစ်မှာပါနော်။