သမုဒယရာသီ

ကလောင်စုံ

600 Kyats ကျပ်
...အစ်မစမ်းစမ်းနွဲ့ (သာယာဝတီ)နှင့် ကျွန်တော်က ကျွန်တော် ကိုးတန်းကျောင်းသားဘဝ ကြို့ပင်ကောက်မှာ တွေ့ဆုံ ရင်းနှီးခဲ့သည်။ ကျွန်တော် ကဗျာရေးစမှာ ကျွန်တော့်ကဗျာတွေကို ဖတ်ပေး၊ ပြင်ပေးခဲ့ဖူးသည့် ငယ်ဘဝကတည်းက ဆရာမ။ အစ်မစမ်းစမ်းနွဲ့ (သာယာဝတီ)နဲ့တော့ အားသစ်ယူ၍ လူဖြစ်စေသတည်း ခေါင်းစဉ်နဲ့ နှစ်ယောက်တွဲ ထုတ်ဝေ ဖြစ်ခဲ့ပါသည်။ အခု သမုဒယသုံးရာသီကို အစ်မ၊ ကျွန်တော်နှင့် စာရေးဆရာသိုးက စီစဉ် ဆောင်ရွက်ပေးခဲ့တာ မှတ်မှတ်ရရ ရှိနေပါသည်။ ခေါင်းစဉ်ကို ကျွန်တော် ပေးခဲ့တာလည်း မမေ့နိုင်စရာပါ။ ဒီစာအုပ်ကလေးကို ဒုတိယအကြိမ် ပြန်အထုတ်မှာတော့ အစ်မ၊ ကျွန်တော်တို့ နှစ်ယောက်တွဲအဖြစ် ထုတ်ဝေသူက စီစဉ်လိုက်ပါသည်။ သမုဒ္ဒယရာသီဟု ကျွန်တော် အမည်ပေးခဲ့ပြန်သည်။ ကျွန်တော့်ဆရာမနှင့်အတူ စာတစ်အုပ်အဖြစ် ထပ်မံထုတ်ဝေခွင့် ရခြင်းသည်ပင် ကျွန်တော့်အတွက်တော့ ဂုဏ်ယူမဆုံး ဖြစ်မိပြန်ပါသည်။ မှတ်မှတ်ရရ ထင်ကျန်စေမည့် ကျွန်တော့်စာပေ ဘဝရဲ့ ခြေရာတစ်ခုဆိုက မှားမည် မထင်ပါ။