စိန်တင်အောင်သိန်းမြင့်နှင့် သူ့အရပ်သူ့ရွာဟာသကမ္ဘာ

ကိုကြီး(ဘူမိ)

500 Kyats ကျပ်
ဒီစာအုပ်ထဲမှာ သရော်စာတွေကို ဖတ်ရှုရမှာပါ။ အဓိက ဇာတ်ကောင်ကတော့ စိန်တင်အောင်သိန်းမြင့်။ စိန်လို မာ၊ တင်လို တင်စီး၊ အောင်လို အောင်မြင်၊ သိန်းလို ငွေပမာဏတန်ဖိုးရှိ၊ မြင့်လို အထက်ရောက်တဲ့ စိန်တင်အောင်သိန်းမြင့်။ သူက ပျော်တတ်၊ ရွှင်တတ်၊ ရယ်တတ်၊ မောတတ်၊ ချော်တတ်၊ လွဲတတ်၊ ကွဲတတ်၊ ပြဲတတ်တဲ့ လူတစ်ယောက်။ သူက လူတွေထဲမှာပဲ နေတဲ့ လူတစ်ယောက်ပါပဲ။ ဆိုတော့ ... သူနေထိုင်ရာ လူ့ရွာ၊ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းရဲ့ အမြီးအမောက်မတည့်တာတွေ၊ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေ၊ ကမောက်ကမ ပြဿနာတွေကို သရော်တော်တော် ပြက်ထားတာတွေကို မြင်တွေ့ရပါလိမ့်မယ်။ မိတ်ဆွေ … အလုပ်ကြောင့် မောနေသလား၊ ဘဝကြောင့် မောနေသလား၊ ဘာကြောင့်မောမော ဖတ်ကြည့်ပါ။ စိတ်ညစ်နေတဲ့ စာချစ်သူတို့ကို စိန်တင်အောင်သိန်းမြင့်က သူ့ရွာ၊ သူ့ကမ္ဘာက ရယ်စရာ မောစရာတွေဆီ ခေါ်သွားပါလိမ့်မယ်ခင်ဗျ။