ဖိုးတေနှင့် မြွေသိုက်နန်းရှင်

ကိုရှိုင်း

400 Kyats ကျပ်
မြွေသားကို သိပ်ကြိုက်တဲ့ ကိုဘမောင်။ မြွေဆိုရင် တွေ့ရာနေရာ မဆိုင်းဘဲ ဖမ်းဆီးသတ်ဖြတ်၊ ချက်ပြုတ်ဖုတ်ကင်ပြီး အရက်နဲ့မြည်းတဲ့ လူစား။ တစ်နေ့တော့ ကိုဘမောင်တစ်ယောက် မြွေပေါတဲ့ တောဘက်သွားပြီး မြွေဖမ်းထွက်တာ၊ မြွေမဖမ်းနိုင်ဘဲ မြွေတွေ လိုက်လို့ ပြေးရပါရော။ ထူးခြားတာက မြွေတွေက ကိုဘမောင် အိမ်နားအထိ လိုက်ပါလာပေမဲ့ အိမ်ခြံဝင်းထဲ မဝင်ဘဲ အိမ်အပြင်မှာ အမောက်ထောင်၊ တရှူးရှူး တရှဲရှဲနဲ့ ပြန်လှည့်သွားကြသတဲ့။ ကိုဘမောင်တို့ရွာက ဖိုးတေတစ်ယောက် ကြုံရတာကတော့ အဲဒါထက် ထူးခြားတယ်။ မြွေတွေအများကြီးရှိတဲ့ တောထဲ ရောက်သွားတဲ့နောက်မှာ အရင်ဘဝဟောင်းက မြွေသိုက်နန်းရှင် သားအမိရယ်၊ မြွေသိုက် သိုက်ချုပ်ရယ်၊ များပြားလှတဲ့ မြွေဆိုးမြွေဟောက်တွေရယ် ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လို ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရဝတ္ထုတစ်ပုဒ် ဖြစ်လာမလဲဆိုတာတော့ စာချစ်သူတို့ကိုယ်တိုင် ဖတ်ကြည့်လိုက်ပါဦးနော်။