ကြယ်ကြွေဆုတောင်း

ကိုချမ်း

600 Kyats ကျပ်
ဂျူလိုင်မိုးက သာမန်ဆေးကျောင်းသူလေးတစ်ယောက်ပါ။ တစ်ရက်တော့ သူက နိုင်အောင်ဆိုတဲ့ လူနဲ့တွေ့မိပြီး တွေ့တွေ့ချင်းပဲ နိုင်အောင့်ကို စိတ်ထဲစွဲသွားတယ်။ တကယ်တော့၊ ဒီဇာတ်လမ်းကို ပိုပြီးစိတ်ဝင်စားသွားစေတာက၊ နိုင်အောင်ဟာ အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ မြို့စောင့်နတ်သားတစ်ပါးဖြစ်နေတယ်ဆိုတာပဲ။ နောက်တော့ ဂျူလိုင်မိုးနဲ့ သူပြန်ဆုံတယ်။ ပြန်ဆုံတယ်ဆိုတာထက် နိုင်အောင်က ပြန်ဆုံအောင် ဖန်တီးလိုက်တာပါ။ အဲဒီမှာ ဂျူလိုင်မိုးရဲ့ အဖိုးဆုံးတယ်။ သူ့အဖိုးကို နိုင်အောင်က သူ့နတ်သားဖြစ်ကြောင်းပြောပြီး ဂျူလိုင်မိုးကို စောင့်ရှောက်မယ်လို့ ကတိပေးထားလိုက်တယ်။ အဲဒီအချိန် နတ်ပြည်မှာ ပြဿနာတက်နေပြီ။ နတ်ချုပ်တစ်ပါး အသတ်ခံလိုက်ရတယ်