ရင္ခြင္မဲ့

ကိုချမ်း

300 Kyats ကျပ်
ဒီစာအုပ်လေးက အချစ်ဆိုတဲ့အရာကို ပရလောကဇာတ်အိမ်လေးနဲ့ အလှဆုံးဖွဲ့စည်းထားတဲ့ စာအုပ်လေးပါ။ ဇာတ်လမ်းအစမှာ သူချစ်ရတဲ့သူ သူ့ကြောင့်သေသွားရတယ်ဆိုပြီး ခံစားနေရရှာတဲ့ မော်ကွန်း။ စိတ်ထောင်းကိုယ်ကြေဆိုသလို မော်ကွန်းတစ်ယောက် အစာမစား၊ ညမအိပ်နဲ့ အခန်းတွင်းအောင်းနေတာ။ ဒီလိုဖြစ်နေတဲ့သူ့ကို လာပြီး ကူညီပေးရှာတာက မော်ကွန်းရဲ့ ချစ်သူဟောင်း။ မော်ကွန်းကို သိပ်ချစ်ရတဲ့ နှင်းအိဖြူ။ သေသွားတဲ့ မော်ကွန်းချစ်သူ ဟန်နီလွင်ဟာသူ့လက်ထဲက မော်ကွန်းကို လုသွားတာမို့ နှင်းအိဖြူက နာကျည်းနေတယ်။ ဒါပေမဲ့လည်း ... မော်ကွန်းကို ချစ်တဲ့စိတ်ကြောင့် လာစောင့်ရှောက်တယ်။ တစ်ဖက်မှာလည်း နာကျည်းစိတ်ကြောင့် ဟန်နီလွင်နဲ့ မော်ကွန်း တွဲနေခဲ့တယ်ဆိုတာကို သက်သေပြဖို့ နှင်းအိဖြူ ကြိုးစားတယ်။ အဲဒီအချိန်မှာပဲ နှင်းအိဖြူကြိုးစားသမျှကို မကျွတ်မလွတ်သေးတဲ့ ဟန်နီလွင့်ရဲ့ ဝိညာဉ်က အနောက်က တကောက်ကောက်လိုက်ပြီး နှောင့်ယှက်တယ်။ တကယ်တမ်း ဟန်နီလွင်ရဲ့ အဖြစ်အပျက်အမှန်ကရော နှင်းအိဖြူထင်သလို မဟုတ်ဘဲ အခြားတစ်ခုခုများ ဖြစ်နေမလား ? ဘယ်သူမှန်ပြီး ဘယ်သူမှားနေကြတာလဲ ? ပရလောကနောက်ခံ အချစ်ဝတ္ထုကောင်းလေးမို့ ဖတ်ကြည့်ပါဦး။