ကမ္ဘာနှစ်ခြမ်း
ကိုချမ်း
500 Kyats ကျပ်
ဒီဇာတ်လမ်းလေးကတော့ သမားရိုးကျ အချစ်ဇာတ်လမ်းတော့ မဟုတ်ဘူး။ ခပ်ဆန်းဆန်းပဲဗျ။ ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းကို နောက်ခံထားတဲ့ကမ္ဘာက ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ကမ္ဘာမဟုတ်ဘူး။ နှစ်ခြမ်းကွဲနေတဲ့ ကမ္ဘာကြီးကို နောက်ခံထားထားတာ။ ဒီဝတ္ထုဇာတ်လမ်းထဲမှာ အရှေ့ကမ္ဘာက နာမည်ကျော်ဂီတပညာရှင် အာကာ။ သူက အနုပညာရှင်ပီပီ စိတ်ခံစားချက်ကို အရမ်းဦးစားပေးတယ်။ စိတ်ထဲရှိတဲ့အတိုင်းနေတယ်။ စိတ်ထဲရှိတဲ့အတိုင်း လုပ်တတ်တယ်။ ဒါကြောင့်လည်း သူသွားခွင့်မရှိတဲ့ အနောက်ကမ္ဘာကို ခိုးသွားခဲ့တယ်။ အကြောင်းအရင်းကလည်း သူနဲ့မထင်မှတ်ဘဲ ရင်းနှီးမိတဲ့ အာကာသယာဉ်မှူးတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကြောင့်ပါ။
အတိအကျပြောရရင် ဓာတ်ပုံထဲက မိန်းကလေးတစ်ယောက်ကြောင့်ပေါ့။ အဲဒီမိန်းကလေးက နာမည်က 'မေ' တဲ့။ သူကအနောက်ကမ္ဘာသမ္မတရဲ့ အတွင်းရေးမှူးမလေး။ အဲဒီကောင်မလေးဆီကို အတိတ်မေ့ချင်ယောင်ဆောင်ပြီး ရောက်အောင်သွားခဲ့တဲ့ အာကာ။ သူနဲ့ ဂီတသံကင်းမဲ့နေတဲ့ အနောက်ကမ္ဘာ။ စိတ်ခံစားချက်ကို ဦးစားပေးတတ်သူ အာကာနဲ့ စက်ရုပ်တစ်ရုပ်လို ရုန်းကန်လှုပ်ရှားတတ်တဲ့ မေတို့ တွေ့ဆုံကြတဲ့အခါ ကံကြမ္မာက သူတို့နှစ်ဦးကို ဘယ်လိုစေစားမလဲ ? ဇာတ်လမ်းကလည်း ခပ်ဆန်းဆန်းလေးမို့ ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော် !