မြန်မာမှု ထုံးတမ်းစဉ်လာ ကျေးလက်ရိုးရာ ဓလေ့များ

ကာတွန်းကြည်ဝင်း

800 Kyats ကျပ်
အညာကျေးလက်ဒေသတွေမှာ ရှေးမူရှေးဟန်မပျက် ထိမ်းသိမ်းလုပ်ဆောင်နေဆဲဖြစ်တဲ့ ထုံးတမ်းစဉ်လာ ရိုးရာဓလေ့တွေကို ရှာဖွေလေ့လာ စုစည်းပြီး ရေးသားပြုစုထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဓလေ့ထုံးစံတွေက လူအများ သိရှိကြတဲ့ အရာတွေထက်၊ လူသိနည်းတဲ့ အကြောင်းကိစ္စရပ်တွေကို စေ့စေ့ငုငု ရှာဖွေဖော်ထုတ် တင်ပြထားတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒေသအရပ်ရပ်က ဘယ်ဓလေ့နဲ့မှ မတူဘဲ ရှေးမူရှေးဟန်မပျက် ထူးထူးခြားခြား ရှင်သန်နေဆဲဖြစ်တဲ့ အကြောင်းအရာတွေ ဖြစ်တာကြောင့် ဗဟုသုတ တိုးပွားလိုသူတိုင်းအတွက် မဖတ်မဖြစ် စာအုပ်တစ်အုပ်လို့ ညွှန်းဆိုလိုက်ပါရစေ။ စာရေးသူ့အမှာစာ ကောက်နုတ်ချက် ။ ။ ယနေ့ ကျေးလက်နေသူတို့သည် မြို့ပြနေသူတို့ကဲ့သို့ ထိုက်သင့်စွာ လူနေမှုဘဝ မမြင့်မားကြသေးသော်လည်း ရှေးထုံးမပယ်သည့်စိတ်၊ ယဉ်ကျေးမှုအမွေ ထိန်းသိမ်းသည့်စိတ်နှင့် မြန်မာမှုရိုးရာ အစဉ်အလာဓလေ့များကို ယနေ့ထက်တိုင် ချစ်မြတ်နိုးတတ်စွာ တွယ်ဖက်ထားသည်ကပင် ကျေးလက်ပျော်သူတို့၏ ဖြူစင်ရိုးသားမှု ဖြစ်ပါတော့သည်။ ။