ကျိန်စာသင့် ဝိညာဉ်များ

ကလျာ(ဝိဇ္ဇာသိပ္ပံ)

600 Kyats ကျပ်
မိုးသည်းသည်းညတစ်ညမှာ တစ်စုံတစ်ရာသော မျှော်လင့်ချက်နဲ့ “မဟော်ဂနီစံအိမ်” ကြီးကို ရောက်ရှိလာသူ မိန်းကလေးတစ်ယောက်။ မဟော်ဂနီစံအိမ်ကြီးကို မရောက်ခင်မှာတင် ဒီစံအိမ်ကြီးအပေါ် အငြိုးတကြီး နာကျည်းနေတဲ့ မြင်းလှည်းသမားအိုကြီးကြောင့် ထိတ်လန့်စိုးရွှံ့ခဲ့ရတဲ့ စိတ်။ မဟော်ဂနီစံအိမ်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်တော့လည်း ကြီးကျယ်ခမ်းနားလှတဲ့ ဧည့်ခန်းမှာတင် သူ့ကို စောင့်ကြိုနေတဲ့ လူသေတစ်လောင်းနဲ့ အလောင်းစင်တစ်ခု။ လာခဲ့ရတဲ့ မျှော်လင့်ချက်တွေ ပျက်သုန်းလုဖြစ်သွားပေမယ့် ဘာမှန်းမသိတဲ့ ဝေခွဲမရတဲ့ စိတ်နဲ့ ဒီမဟော်ဂနီစံအိမ်ကြီးမှာ သောင်တင်သွားတဲ့ အခါ ကြုံတွေ့လာရတဲ့ အဖြစ်အပျက်များက စာဖတ်သူတို့အတွက် ရင်သတ်ရှုမောဖွယ်ကောင်းစေမှာ ဖြစ်သလို ဖတ်နေရင်းနဲ့လည်း ကြက်သီးတွေ တဖြန်းဖြန်းထလောက်တဲ့အထိ လျှို့ဝှက်ဆန်းကြယ်လွန်းလှပါတယ်။ ဒီမဟော်ဂနီစံအိမ်ကြီးမှာ ဥပါဒါန်နဲ့ သေဆုံးခဲ့ရသူတို့ရဲ့ ဝိညာဉ်တွေ ညည်းတွားနေသံ၊ ကျိန်စာတစ်ခုရဲ့ လောင်မြိုက်ခြင်း စတာတွေနဲ့ ပြည့်နှက်နေတဲ့ ဖြစ်ရပ်တွေနဲ့အတူ ဒီဇာတ်လမ်းမှာ ဘယ်လို လျှို့ဝှက်တဲ့ ဇာတ်ကွက်တွေကို မြှုပ်နှံပုံဖော်ထားတယ်ဆိုတာ စာဖတ်သူများ ဖတ်ရှုကြည့်နိုင်ကြဖို့ ဇာတ်လမ်းကောင်းတစ်ပုဒ် အဖြစ် ညွှန်းဆိုလိုက်ရပါတယ်။