W A R N I N G သတိပေးချက်

ကဗျာညိုညို

600 Kyats ကျပ်
မြို့လေးတစ်မြို့ကို Daccy, Bella, ,Bond, Smith, Hope ဆိုတဲ့ သူငယ်ချင်း ငါးယောက် ကျောင်းသွားတက်ကြတယ်။ စ,စချင်းနေ့မှာပဲ မိုးရွာလို့ဆိုပြီး ကားသမားက သူတို့ကို လမ်းတစ်ဝက်မှာထားခဲ့တယ်။ နောက်တော့ အိမ်တစ်အိမ်က သူတို့ကို မိုးခိုခွင့်ပြုလိုက်ပါတယ်။ နောက်ပြီး၊ သတိပေးလိုက်တာတစ်ခုက မိုးရွာတုန်း အပြင်မထွက်နဲ့တဲ့ ! နောက်တော့ သူတို့အဆောင် ရောက်သွားပါတယ်။ အဆောင်မှူးကလည်း ပြောတာလည်း ထူးဆန်းတယ်။ ဒီမြို့မှာ စည်းကမ်းချက် တစ်ခုရှိတယ်တဲ့ ! သိပ်မကြာပါဘူး။ မိုးတွေရွာနေတဲ့ အချိန်မှာပဲ တစ်ကိုယ်လုံး အနက်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို သူတို့တွေ ဆုံလိုက်ရတယ်။ နောက်ပြီး၊ တောထဲမဝင်ရဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့ တောထဲကိုလည်း သူတို့တွေဝင်သွားမိကြပါတယ်။ အဲဒီနောက်မှာတော့ ... ထိတ်လန့်ချောက်ချားစရာ ဘာတွေဖြစ်လာလဲဆိုတာ !