ချစ်ခြင်းတရားဖြင့် လင်းလက်စေ

Thit Khat Nyo

500 Kyats ကျပ်
လူတစ်ယောက်က လူတစ်ယောက်ကို ဘယ်လောက်အထိ ချစ်ပေးနိုင်လဲဆိုတာ သူ မသိ။ သူကတော့ ကောင်းကင်ကို သူ အသက်ရှင်နေသမျှ ကာလတစ်လျှောက်လုံး ချစ်ပေးနိုင်သည်။ သူ့တစ်ဘဝလုံး ကောင်းကင်ကိုပဲ ကြည့်ပြီး ကောင်းကင်အတွက်ပဲ စဉ်းစားနေချင်သည်။ သူ ကောင်းကင်ကို ဘယ်အချိန်ကစပြီး ချစ်မိခဲ့လဲ သူ မသိ။ သူ ကောင်းကင်ကို ချစ်နေတယ်ဆိုတာ သတိထားမိသည့်အချိန်မှာ သူ့ဘဝရဲ့ နေ့ရက်တွေက ကောင်းကင်နှင့် အစပြုပြီး ကောင်းကင်နှင့် အဆုံးသတ်နေခဲ့ပြီးပြီ။ သူ ကောင်းကင်အတွက်ဆို အရာရာလိုက်လျောပေးနိုင်သည်။ အစွမ်းကုန် ချစ်ပေးနိုင်သည်။ အရာရာကို ကောင်းကင်ရဲ့ ဘေးကနေ မားမားမတ်မတ် ရင်ဆိုင်ပေးနိုင်သည်။ အင်း ... တစ်ခုပဲ။ သူကောင်းကင်ကို ဖွင့်ပြောဖို့ကိုတော့ သူ တကယ်မလုပ်ရဲ။ သူ ပတ်ဝန်းကျင်က ပြောမယ့် အပြစ်တင်ကဲ့ရဲ့ စကားတွေကိုလည်း ခံနိုင်သည်။ မိဘတွေကိုလည်း သူရင်ဆိုင်နိုင်သည်။ နောက်ဆုံး ... ကောင်းကင်ရဲ့ အမုန်းကိုတောင် သူ ရင်ဆိုင်နိုင်သည်။ ဒါပေမဲ့ ကောင်းကင် သူ့အပေါ် သနားမှာကိုတော့ သူ တကယ်ကို မလိုချင်။ ကောင်းကင် သူ့ကြောင့် တွေဝေရမှာ ... စိတ်ထိခိုက်ရမှာမျိုးကို သူတွေးကြည့်ရုံနှင့်ပင် တကယ်ကိုမခံစားနိုင်။