အဆန်းကြယ်ဆုံးသိုင်းဝိညာဉ် စာစဉ် - ၁

Tai Comet(ချန်နန်)

အခမဲ့
ချင်ချန်ခွန်က ချင်နန် အဆင့်မြင့် သိုင်းဝိညာဉ် မနိုးထဖို့ ကျိန်ဆိုနေခဲ့သည်။ ထိုအချိန်တွင် ပလ္လင်မှ ထွက်ပေါ်လာသည့် အဖြူရောင် ရောင်ခြည်တန်းများသည် တလက်လက် တောက်ပလာသည်။ချင်နန်၏ မျက်နှာမှစ၍ သူ၏ အားနည်းနေသော ခန္ဓာကိုယ် တစ်ခုလုံး အနည်းငယ် နီမြန်းလာကာ စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်၏ ဟိန်းဟောက်သံသည် ပဲ့တင်ထပ်ကာ ပေါ်ထွက်လာသည်။ လူအုပ်ကြီး တစ်ခုလုံး ထိုဟိန်းဟောက်သံကို ကြားရသည့်အခါ အသက်ရှူသံများပင် ရပ်တန့်ကာ ငေးမော ကြည့်ရှုနေကြသည်။ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာပြီး ချင်နန်၏ကိုယ်မှာ အဝါရောင် ရောင်ခြည်တစ်ခုသာ ပေါ်ထွက်လာသည်။ကလန်သားတွေနှင့် အကြီးအကဲများသည် လွန်စွာထိတ်လန့် တုန်လှုပ်သွားကြသည်။