အံ့ဖွယ်စနစ်ပိုင်ရှင် စာစဉ်-၁

Sun Flower(လုကျိုး)

အခမဲ့
...“လုကျိုး မင်းအဆင်ပြေရဲ့လား မင်းနေရာမှာ အစားထိုးဖို့ တစ်ယောက်ယောက် ရှာလိုက်ရင်ရော ဘယ်လိုလဲ မင်း တယ်လီဖုန်း စီးပွားရေး ခန်းမထဲမှာ ဝင်ပြီး နားလို့ရတယ်လေ”ဝူတဟိုင်က ပြောသည်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ သူက ကြောက်စရာ ကောင်းလွန်းတဲ့ အပူဒဏ်ကိုခံနိုင်တဲ့ သူမျိုး မဟုတ်ပေ သူ့ရဲ့ တစ်ကိုယ်လုံးက ချွေးတို့ဖြင့် ရွဲနှစ်နေသည်မှာ တစ်စုံတစ်ယောက်က သူ့အား ရေအိုင်ထဲက ဆွဲတင်မပေးခဲ့ ရသည့် အလားပါပေ။ သူက လုကျိုးကို အနားယူစေချင်တယ် ဆိုပေမဲ့လည်း လုကျိုး ခေါင်းခါရင်း ပြောလိုက်သည်။“ကျွန်တော် အဆင်ပြေပါတယ် ကျွန်တော် ဒီမှာ နည်းနည်း နေနိုင်ပါသေးတယ်”“ငါမေးတာက မင်းအဆင်ပြေလား မပြေဘူးလား ဆိုတာကိုလေ မင်းဒီမှာ ရပ်နေရတာ တစ်နေ့ခင်းလုံး ဖြစ်နေပြီ”ဝူတဟိုင်က စိုးရိမ်တဲ့ အမူအရာနဲ့ ပြောသည်။