ပြိုင်ဘက်ကင်းတာအိုသခင် စာစဉ်-၈

Shwe paji(လုယှီ)

အခမဲ့
စာမြည်း ✅"ဘယ်လောတ်တောင် အားကောင်းတဲ့ဝင်္ကပါလဲ ... ငါတို့အားလုံး စုပေါင်းလိုက်ရင်တောင် ဒီဝင်္ကပါကိုချိုးဖျက်ဖို့ တတ်နိုင်မှာ မဟုတ်ဘူး" ဆရာသခင်ကျန့်၏ ပါးစပ်ထောင့်မှ သွေးများယိုစီးကျနေပြီး သူက ယခင်ကဲ့သို့ အေးဆေးတည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။ တခြားဝင်္ကပါ ပညာရှင်များသည်လည်း တူညီစွာပင် ဖြစ်ပျက်နေကြသည်။ သူတို့၏ မျက်လုံးများက အံ့အားသင့်တုန်လှုပ်မှုများ အပြည့်ဖြစ်နေပြီး မလှမ်းမကမ်းရှိ ရှေးဟောင်းမြို့ကြီးကို မယုံကြည်နိုင်မှုများဖြင့် ကြည့်ရှုနေကြသည်။ ဝင်္ကပါပညာရှင် တစ်ယောက်က သူ၏ခေါင်းကို ခါယမ်းပြီး ပြောဆိုလိုက်သည်။ "ငါတို့ မျှော်လင့်ထားသလိုပဲ ... ဒါက ပြင်ပလေဟာနယ် ကျွမ်းကျင်ပညာရှင်ရဲ့ ရှေးဟောင်းအမွေအနှစ် တစ်ခုပဲ ... "