ပြိုင်ဘက်ကင်းတာအိုသခင် စာစဉ်-၁၄

Shwe paji(လုယှီ)

အခမဲ့
စာမြည်း ✅"စကားလုံးတွေက အခြေအမြစ်မရှိဘူး.... ခင်ဗျားတို့ လျှို့ဝှက်နဂါးနန်းတော်ရဲ့ ဂုဏ်သတင်းက မဆိုးဘူးဆိုပေမဲ့ ဒီဝင်္ကပါပန်းချီက အတုအယောင် မဟုတ်ဘူးဆိုတာ ကျုပ်တို့က ဘယ်လိုလုပ်သိနိုင်မှာလဲ" လူအုပ်ကြီးက ထိုအရာကိုဝယ်ယူလိုစိတ်မရှိသည်မှာ သိသထင်ရှားနေပြီး ကျယ်လောင်စွာအော်ဟစ်နေကြ၏။ "အငြင်းပွားနေတာ ရပ်ကြတော့" ထိုအချိန်မှာပင် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံတစ်သံသည် လေလံစင်မြင့်မှ ထွက်ပေါ်လာသည်။ လူတိုင်းက စင်မြင့်၏အစွန်၌ မတ်တတ်ရပ်နေသည့် ဝတ်ရုံရှည်နှင့်လူကြီးကို ကြည့်ရှုနေကြသည်။သူ၏မျက်လုံးများက တောက်ပပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေလေ၏။ "ဒီလူကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ"