ရေကန်စောင့် ဝိညာဉ်

Sai Zarni

300 Kyats ကျပ်
ဖြစ်ရပ်မှန် ပရလောက ဇာတ်လမ်းတစ်ပုဒ်။ ရေကန်စောင့် ဝိညာဉ် … တဲ့။ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးက သူတို့ ကြုံဆုံခဲ့ရဖူးတဲ့ ထိတ်လန့်ချောက်ချားစရာ အဖြစ်အပျက်တစ်ခုကို စာရေးသူဆီ ဖုန်းဆက်ပြောပြပြီး ရေးစေခဲ့တဲ့ ဒီဇာတ်လမ်းက တစ်မျိးတစ်ဖုံ ထူးခြားမှုတွေ ရှိနေပါတယ်။ တကယ်တော့ သရဲ၊ တစ္ဆေ၊ နာနာဘာဝ ပရလောကသားတွေဟာ မရှိဘူးလို့ ပြောရခက်သလို၊ ရှိတယ်လို့လည်း လက်တွေ့ပြဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေမှာ ပရလောကသားတွေနဲ့ ပတ်သက်ပြီး အတိအလင်း ထုတ်ဖော်ထားတဲ့ သာဓကတွေကလည်း အများကြီးပဲ မဟုတ်လား။ ဒီတော့ … ပရလောကကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဒီလောကကတော့ စိတ်ဝင်စားစရာ လောကတစ်ခုပါပဲ။ ရေကန်စောင့်ဝိညာဉ်ဆိုတဲ့ ဇာတ်လမ်းလေးမှာလည်း ပရလောကသားတွေရဲ့ ချောက်လှန့်မှုတွေက စာဖတ်သူကို ဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲ ဆိုတာကတော့ …