သရဲအိမ် (စာစဉ်-၉)
Sacrificer(ချန်ဂီ)
အခမဲ့
စာမြည်း ✅ “ခင်ဗျား ငှားတဲ့အခန်းထဲမှာ လူတယောက် သေဖူးတာ ဖြစ်နိုင်တယ်။ အဲဒီလူရဲ့ ရုပ်အလောင်းကို ဘယ်သူမှ မတွေ့ကြဘူးဗျာ။ ဒီတော့ အဲဒီလူက ခင်ဗျား အိပ်မက်ထဲမှာ ပေါ်လာတယ်။ ပြီးတော့ သူ့ကိုယ်စား ရဲတွေကို ခေါ်ပေးဖို့များ ပြောချင်နေတာလားပဲ” ချန်ဂီ စကားဆုံးသည်နှင့် မန်းနန်၏ မျက်နှာမှာ စိမ်းသွားလေသည်။ သူက အသက်ကို ပြင်းပြင်းရှုလိုက်၏။ “ကျွန်တော့်အခန်းထဲမှာ အလောင်းတခု ရှိနေတယ် ဟုတ်လား။ မဖြစ်နိုင်တာဗျာ”
သူ့ခံစားချက်တို့ စတင်၍ အထိန်းအကွပ်မဲ့လာသည်။ သူ့ပုခုံးကို ကိုင်ထားသည့် ဒေါက်တာကောင်းကြောင့်သာ မဟုတ်လျှင် ရုတ်တရက် စိတ်များပင် ထဖောက်သွားမလား စိုးရိမ်ရသည်။ ဒေါက်တာကောင်းက အလွန်အမင်း လေးနက်သည့် အမူအရာနှင့် -
“ကျုပ်လည်း သူနေတဲ့ တိုက်ခန်းထဲဝင်ပြီး အတွင်းအပြင် အသေအချာ စစ်ဆေးကြည့်ခဲ့ပါတယ်။ ထူးဆန်းတာဆိုလို့ ဘာမှ မတွေ့ခဲ့ရပါဘူး။ ပြီးတော့ လွန်ခဲ့တဲ့ တပါတ်လောက်ကတည်းက ကျုပ်နဲ့အတူ လာနေဖို့ မန်းနန်ကို ခေါ်ထားတာပါ။ ဒါလည်း ဒီသူငယ်ခဗျာ ဒီအိပ်မက်ကိုပဲ ထပ်ကာ ထပ်ကာ မက်နေရှာလေရဲ့ကွယ်။ နေရာအပြောင်းအလဲ ဖြစ်သွားလည်း အိပ်မက်က မရပ်သွားဘူးကွဲ့” ဟု ပြောလိုက်၏။
Sacrificer(ချန်ဂီ) ရေးသားသော စာအုပ်များ
'အွန်လိုင်းစာပေ' စာအုပ် အမျိုးအစားများ
-
သွေးဖြင့်ရေးသောသိုင်းမှတ်တမ်း
400 Ks
-
ဒဏ္ဍာရီလာ နတ်ဧကရာဇ် (စာစဉ်-၅၃)
500 Ks
-
နတ်ဘုရားတို့၏ ဘုရင် (စာစဉ်-၇၄)
500 Ks
-
ဘုမ္မဃဘုရင်မနှင့် သက်ပန်းဝတီ
Free
-
ဓားနဲ့အရိပ် (စာစဉ်-၈)
500 Ks
-
နတ်မျက်စိရှင် သမားတော် (စာစဉ်-၄)
500 Ks
Prev
Next